part7

157 15 0
                                    

နောက်တစ်ရက်မှာတော့ နာမည်ကြီးတဲ့channel လိုင်းတွေမှာ စီးပွားရေးလောကရဲ့ဘုရင်ကြီးချူးယီရဲ့ လက်ထပ်တဲ့သတင်းက နိုင်ငံတိုင်းလိုလို ပျံနှံ့သွားတော့သည်။ ထူးခြားတာက စီးပွားရေးဘုရင်ကြီးရဲ့ လက်တွဲဖော်က ယောက်ကျားလေးတစ်ယောက်ပင်။ ထိုသတင်းဟာ စီးပွားလောကမှာ အလျှင်အမြန်ပင် ပျံနှံ့သွားတယ်။ ချူးမိသားစုအိမ်မှာတော့ ချူးလူအိုကြီးဟာ တီဗီက လာတဲ့သတင်းကို ကြည့်ရင်းသက်ပြင်းချလိုက်နိုင်တော့တယ်။

"ချူးမိသားစု မျိုးဆက်ပျက်မှာတော့မဟုတ်ဘူးမလား ။ ထင်းရန်က လည်း ကုမ္မဏီအကျိုးအမြက်အတွက် လဲ့ အိမ္က. ကောင်လေးကို လက်ထပ်လိုက်တယ်။ ချူးယီက လည်း ကောင်လေးကို လက်ထပ်ပြန်ပြီ။" လုအိုကြီး သက်ပြင်းတာ ချရင်း ဆေးဖက်ဝင်လက်ဖက်ခြောက် ကို သောက်နေလေတယ်။
ဘေးက အိမ်တော်ထိန်းကြီးက

" ရှောင်မို ကေတာ့ သခင်ကြီးကို စိတ္သက္သာရေစမွာပါ"

" ဟမ်း..."  ချူးသခင်ကြီး က နှုတ်ဆိတ်နေကာ ဘာမှမပြောပဲ လက်ဖက်ရည်ကိုသာသောက်နေလေသည်။ သူ့မျက်လုံးထဲမှာတော့ ဝမ်းနည်းရိပ်သန်းနေတယ်ဆိုတာ အိမ်တော်ထိန်းကြီး သိသည်။

" တတိယသခင်လေး တို့ဒီည ဒီမွာ အိပ်မှာမို့ ကျွန်တော် လိုအပ်တာတွေ လုပ်ပြီးပြီးမို့ သခင်ကြီးကောင်းကောင်းအနားယူပါ လို့ကျွန်တော် ပြောပြပါစေ"

" အင်း..  မင်းကိုပဲ လွှဲထားလိုက်မယ်  ရှောင်ယီ ရဲ့ကောင်လေး ဘာကြိုက်တတ်လဲဆို သိအောင်လုပ်ထားလိုက်အူံး ။ ပြီးတော့ မဂ်လာလက်ဖွဲ့လည်းကောင်းကောင်းပြင်ပေးရအုံးမှပဲ....  ဟမ်း  ... အသက်အရွယ်ရလာတော့ လူငယ်တွေရဲ့ စိတ်ကိုလိုက်လို့မမှီတော့ဘူးပဲ "

"သခင်ကြီးစိတ်ချပါ..  ကျွန်တော်အားလုံးလုပ်ပေးမှာပါ "

ချူးသခင်းကြီး ကျေနပ်သွားကာ အခန်းထဲအနားယူရန် ထွက်ခွာသွားလေသည်။အိမ်တော်ထိန်းကြီး လည်း တတိယသခင်လေးတို့အတွက် လိုအပ်တာတွေပြင်ဆင်နေတော့သည်။

♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠

ရှုဇီလန်  သူ့ရှေ့က နန်းတော်သမျှ ကြီးမားတဲ့အိမ်ကြီးကိုမော့ကြည့်ကာ

ငါက ဇာတ်လိုက်ရဲ့ဦးလေးWhere stories live. Discover now