ချူထင်းရန် မျက်နှာကို အလင်းရောက်ထိုးလာတာကြောင့် စပ်နေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်သည်။
" အာ "
မျက်လုံးကိုလာထိုးတဲ့အလင်းရောင်ကြောင့် လက်မြှောက်ကာ အလင်းရောင်ကိုကာလိုက်သည်။
" နှိုးပြီပေါ့ "
ချူထင်းရန် သြရှရှ အသံကြောင့် လက်ကိုကာရင်းမျက်လုံးဖွင့်ကြည့်လိုက်သည်။
" ဘယ်သူ "
ချူထင်းရန် သူ့အသံက အက်ကွဲနေတာကြောင့် တစ်ခုခုကို သတိထားမိကာ အိပ်နေရာမှ ထထိုင်လိုက်တော့
" အား.. fuck.. "
အောက်ပိုင်းက စူးခနဲနာကျင်မှုက သူ့ကိုမခံနိုင်အောင်လုပ်နေတယ်လေ။
"fuck.. သောက်ခွေး ခင်များကဘယ်သူလဲ "
ချူးထင်းရန် အံကြိတ်ကာ အနာသက်သာလို့သက်သာငြား ကုတင်ကိုလက်ထောက်ထားလိုက်ကာ သူ့အောက်ပိုင်းကိုကြွထားလိုက်သည်။
" မင်းအဆင်ပြေရဲ့လား "
ချူးထင်းရန် အံတင်းတင်ကြိတ်ကာ
" ခင်များကဘယ်သူလဲ "
ချူထင်းရန် နာကျင်မှုကြောင့်အသက်ပင်ဖြောင့်အောင်မရှုနိူင်တော့ပေ။ ဒီကောင် သူ့ကိုဘယ်လောက်တောင်လုပ်ခဲ့လို့ ဒီလောက်နာကျင်နေရတာလဲ ။
" ကိုယ့်နာမည် ဝီလီယံ စတယ်ရီယာ "
" ဝီလီယံ စတယ်ရီယာ... ဝီ..ဝီလီယံ အဲဒီဝီလီယံလား"
ချူထင်းရန် လန့်ဖြန့်သလို ဖြစ်လာကာ သူ့သေချာမကြည့်မိတဲ့လူကို နောက်ထပ်ပြန်ကြည့်လိုက်တယ်။ ရွှေရောင်ဆံပင် ကိုသေသပ်အောင်ဖိထားကာ သပ်ရပ်စွာဝတ်ထားတဲ့အနောက်တိုင်းဝတ်စုံက သူ့ရှေ့ကလူကို သက်ရှိနတ်ဘုရားလိုပဲ မြင်သူတိုင်းကိုးကွယ်ချင်သလိုပင်။ အရပ်က193 cm လောက်ရှိမယ်ထင်တယ်။ အထင်ရှားဆုံးက ထိုလူရဲ့ မျက်လုံး စိမ်းစိမ်းတွေပင် ။ လူတစ်ယေညက်ကိုဖောက်ထွင်းမြင်နေရသလို မျိုးနဲ့ သူ့ကို ငုံ့ကြည့်နေသည်။ ချူးထင်းရန် ဒီနေရာက ထွက်ပြေးချင်စိတ်ပေါက်နေသည်။
YOU ARE READING
ငါက ဇာတ်လိုက်ရဲ့ဦးလေး
Romanceဟွာချန်း ကုမ္မဏီရဲ့ ဒုက္ကဌ ချန်းဇယ် ဟာ မ ေတာ်တဆ ကားတိုက်မှု ဖြစ်ပြီး "အချစ်ပန်းတစ်ရာ ဖူးပွင့်ရာ " ဆိုတဲ့ bl novel ဝတ္ထုထဲကိုဇာတ်လိုက်ရဲ့ ဦးေလး အ ဖြစ် ကူးေပြာင်းသွားခဲ့တယ်။ ဗီလိန် ေလး ရှုဇီလန် " ရှုရှု.... ရှုရှု ဇီလန် ကို တာဝန်ယူရမယ် ။ " ချန်းဇယ်...