Before I met you (Chapter 1)

124 14 0
                                    

Infierno:the series
Before I met you❤️❤️❤️

📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။ဟီး 😁😁😁နောက်တာ ဖတ်ချင်ရင်ဖတ်သာဖတ်။
ဤထဲတွင်ပါဝင်သော ဇာတ်ကောင်များ၊နေရာများ၊ဉပဒေနှင့်အခြားအကြောင်းအရာများသည် ‌စာရေးသူ၏စိတ်ကူးများသာဖြစ်ပြီးတကယ့်အဖြစ်မှန်များမဟုတ်ပါ။ပါဝင်နေသောနာမည်များသည် မရည်ရွယ်ဘဲတိုက်ဆိုင်သွားပါက တောင်းပန်အပ်ပါသည်။🙏🙏🙏

နက်ကုဠေရောင် နန်းဆောင်အတွင်းတွင်အပ်ကျသံတောင်မကြားရဘဲတိတ်ဆိတ်နေသည်။သေခြင်းတရားတို့ကိုဆုံးဖြတ်သောအရှင်သခင်များ၏ နေထိုင်ရာဖြစ်သော ညစဉ်မြဲ မြို့တော်ဖြစ်သည့်အလျောက် ပတ်ဝန်းကျင်ကမှောင်မဲနေသည်။နန်းဆောင် အတွင်းရှိ အိပ်ခန်းအပြင်တွင်ရပ်စောင့်နေသော နန်းတွင်သူများနှင့် အထိန်းတော်ကြီးတို့သည်လည်းဘာကိုထိတ်လန့်နေမှန်းမသိ။ထိုနန်းတွင်းသူထဲမှတစ်ယောက်ကဘေးမှတစ်ယောက်ကို တိုးတိုးလေးကပ်ကာ

"ဟဲ့။မနေ့ညထဲက ရာသီဉတုမကောင်းနေတာဘာကြောင့်လဲ။"

‌ထိုနန်းတွင်းသူလေးမေးတာကို ဘေးက တယောက်က"အဲ့တာတောင်ခုထိမသိသေးဘူးလား"ဆိုသည့်အကြည့်ဖြင့်ကြည့်ပြီး

"အရှင့်သားမနေ့က သေ‌ရည်ဆိုင်မှာရန်ဖြစ်လို့ မင်းကြီးကအပြင်ထွက်ခွင့်ရော သေရည်သောက်ခွင့်ရောပိတ်ထားတယ်။အဲ့တာကြောင့် အရှင့်သားမနေ့ထဲကတွေ့တဲ့သူတိုင်းကိုရစ်ရင်ရစ် မရစ်ရင် "မှောင်လွှမ်း" နဲ့လိုက်ခုတ်နေလို့။"

ထိုအကြောင်းအရာကိုသိလိုက်ရသော နန်းတွင်းသူလေးက အံ့ဩစွာဖြင့်

"မှောင်...."မှောင်လွှမ်း"ဆိုတာ ဟို အဲ့တာနဲ့သတ်ရင် နောက်ဘဝမရှိ‌ အောင်လုပ်လိုက်နိုင်တဲ့ မှော်ဝင်ဓားမလား။"

အကြောင်းစုံကိုရှင်းပြသောနန်းတွင်းသူလေးကခေါင်းငြိမ့်ပြလိုက်သော် ခုနကမေးသော နန်းတွင်းသူလေးသည် အားပျက်ကာလဲကျသွားသည်။ထိုအခြင်းအရာကိုအထိန်းတော်ကြီးကအမြန် ဖြေရှင်းလိုက်ပြီး အိပ်ဆောင်ထဲကိုအသံပေးကြည့်သော် အိပ်ဆောင်ထဲမှ အာဏာသံအပြည့်ဖြင့်

Infierno:The series (Before I Met You)Where stories live. Discover now