Infierno:the series
Before I met you❤️❤️❤️📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။ဟီး 😁😁😁နောက်တာ ဖတ်ချင်ရင်ဖတ်သာဖတ်။
ဤထဲတွင်ပါဝင်သော ဇာတ်ကောင်များ၊နေရာများ၊ဉပဒေနှင့်အခြားအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးများသာဖြစ်ပြီးတကယ့်အဖြစ်မှန်များမဟုတ်ပါ။ပါဝင်နေသောနာမည်များသည် မရည်ရွယ်ဘဲတိုက်ဆိုင်သွားပါက တောင်းပန်အပ်ပါသည်။🙏🙏🙏အိမ်ရှေ့ခန်းတွင် ငုတ်တုတ်ထိုင်ပြီးတွေဝေလျက်။
ရှိုင်းထက် စွတ်ကျယ် နှင့် ပုဆိုး အဖာတရာကိုဝတ်ကာ ရှေ့တွင် ရေတခွက်ဖြင့်။ဆံပင်များက ကြွက်သိုက်ကဲ့သို့။အိမ်ခန်းကလည်း အမှိုက်ပုံထက် ပိုဆိုးသောအခြေအနေတွင်။သူ ခုရက်ပိုင်းတွင် ဆောက်တည်ရာမရ။အချိန်ပိုင်းဝင်လုပ်တာကလည်း အဆင်မပြေ။တရက်နဲ့ လူမလိုတော့ဘူးပြောတဲ့သူကများများ။အသက်မပြည့် သေးတော့လည်းအချိန်ပြည့်အလုပ်ကလုပ်လို့မရ။အခုအိမ်မှာ စားဖို့ဆန်ပင်မကျန်တော့။သူ စိတ်လေစွာဖြင့် ထို ကြွက်စုတ်ပုံဖြင့်သာ လမ်းလျှောက်ထွက်လာခဲ့သည်။သူ တခုထူးဆန်းစွာခံစားနေရတာက အိမ်ကထွက်လာကတည်းက ဘေးနားကနေတယောက်ယောက်လိုက်လာသလိုခံစားနေရချင်းဖြစ်သည်။သူ မြို့တပတ်ပတ်ပြီးတော့ရောက်လာခဲ့သည့်နေရာက မာန်သတ္တိတံတား။သူ တချက်ပြုံးလိုက်ကာ"မင်းနဲ့ငါက ရေစက်ဘဲထင်ပါတယ်။"
သူတံတားလက်တန်းပေါ်တဖန်ပြန်တက်ခဲ့ပြီဖြစ်သည်။သူမျက်လုံးများကို တဖန်ထပ်မှိတ်ခဲ့ပြီ။ခြေထောက်များကိုလည်းနောက်တကြိမ်အလုပ်ပေးခဲ့ပြီဖြစ်သည်။
ရုတ်တရက်သူ ခုန်ချလိုက်ပြီး မကြာမီ ရေထဲမကျခင်တွင် သူ့ကို တယောက်ယောက် ပွေ့ချီလိုက်သလိုဖြစ်သွား၍ မျက်စိဖွင့်လိုက်သော် လူ။ လူတယောက်က နောက်ကတောင်ပံတွေထွက်ပြီးသူ့ကို ချီထားခြင်း။မဖြစ်နိုင်တာ။မဖြစ်နိုင်တဲ့ကိစ္စကြီး။ဒါမဲ့ဖြစ်ပြီးခဲ့ပြီ။အခု ထိုလူကို ပြူးကြောင်ကြောင်ဖြင့်ကြည့်ရင်း မြေပြင်ပေါ်ရောက်နေခဲ့ပြီလေ။ထိုသူက မြေပြင်ပေါ်ဆင်းသက်ပြီးသော် ချီထားသော ရှိုင်းကိုကြည့်ကာ
"ကိုယ်ပေါ်ကမဆင်းတော့ဘူးလား။"
ထိုအခါပြာပြာသလဲဖြင့်
"ခင်များကချပေးရမှာလေဗျာ။"
ထိုသူကပြုံး၍ ချပေးလိုက်သည်။ထိုအခါရှိုင်း၏ထုံးစံအတိုင်းမေးခွန်းများစမေးတော့သည်။
"ခင်များ....ခင်များက ဘာကြီးလဲ။"
"ဘာလို့ထင်လဲ။'
"ဘယ်သိမလဲဗျ။"
"ပြောရရင်တော့ အင်း ဘယ်လိုပြောရမလဲ။ငရဲပြည်က အိမ်ရှေ့စံကွာ။"
"ဟမ်။ဘာကြီး။အိမ်ရှေ့စံ။လာနောက်တယ်ဗျာ။"
"ကိုယ့်ပုံကနောက်တဲ့ပုံပေါ်နေလို့လား။"
"ပေါ်တော့...မပေါ်ဘူးပေါ့။ဒါမဲ့ ......"
"ဘာလဲ။"
"ကျွန်တော့ကိုဘာလို့ကယ်တာလဲ။"
"အကြောင်းရှိလို့။"
"ဒါမဲ့....."
"ဒါမဲ့တွေဘာတွေလုပ်မနေနဲ့။မင်းကိုယ့်သတို့သားလုပ်။မင်းကိုကယ်တာ မင်းကိုသဘောကျလို့။အရမ်းအရမ်းသဘောကျလို့။"
ရှိုင်းထက်မေ့လဲသွားတော့သည်။
***********************************
BGM for this chapter
ဟီး။နည်းနည်းများမြန်သွားလားမသိဘူး🤭
***************************************
YOU ARE READING
Infierno:The series (Before I Met You)
Historical Fictionအာဏာတွေ၊ရာထူးတွေ၊ဥစ္စာပစ္စည်းတွေ ကို မတောင်းတပင်မဲ့ ရရှိခဲ့ရတယ်။အဲ့တာတွေအစားပြန်ရလိုက်တာက ချစ်ရသူနဲ့ မပေါင်းဖက်ရခြင်းကိုဘဲ အလဲအထပ်အနေနဲ့ပြန်ရခဲ့တယ်။ လွန်းစေတန်ပိုင်~ ဒီကမ္ဘာပေါ်မှာ ချစ်ရက်နဲ့ဝေးနေရတာ ငါတို့နှစ်ယောက်ကလွဲရင် ထပ်မရှိပါစေနဲ့တော့။ ရှိုင...