Before I met you (Chapter 25)

4 0 1
                                    

Before I met you❤️❤️❤️

"ကျွီ"

သစ်သား တံခါးက ဖွင့်သူ မရှိဘဲ ပွင့်လာသည်။‌လေပြင်းတို့က ပြင်းပြင်းထန်ထန် တိုက်နေတာ ဟာရီကိန်း မုန်တိုင်းဝင်နေသလို။တစ်တိုင်းပြည်လုံးလည်း ရစရာမရှိတော့လောက်အောင် မိုးတွေသည်းရေတွေလျှံနေပြီ။
            အခြားသူတွေအမြင်မှာတော့မိုးလေဝသအခြေအနေကြောင့်လို့ မြင်နိုင်ပင်မဲ့ တရားခံက မိုးလေဝသ မဟုတ်။အိပ်ရာထဲ ‌နီရဲတောက်လောင်နေသော မျက်ဝန်းများပိုင်ရှင် လွန်းစေတန်ပိုင်ဘဲဖြစ်ပါတယ်။

"ဟူးးးးးး......"

စိတ်ကိုလျော့ မျက်လုံးမှိတ်ပြီးအသက်ကို ရှူထုတ်လိုက်တော့ တိုနေတဲ့စိတ်တွေ ....ပိုတိုလာပါတော့တယ်။

"ဟားးး ဘာလို့လဲ။"

လှဲနေရာက ဆံပင်ဖားလားကြီးနဲ့မသိရင် သရဲလိုလိုပုံနဲ့သူက လွန်းစေတန်ပိုင်။သူကတော့ အိပ်မပျော်လောက်အောင်ပူပင်သောကရောက်နေသည်က ခုနက မြင်လိုက်ရသော မြင်ကွင်းကြောင့်သာဖြစ်သည်။

"အဲ့တာ ဘာလို့ငါမဟုတ်တာလဲ။"
*********************
ညပိုင်း ထမင်းစားသောက်ပြီးတော့ခြေလက်ဆေးပြီးမှ အိပ်ရန်ကြိုးစားသော်လည်းအိပ်မပျော်သဖြင့် လမ်းလျှောက်ထွက်ရင်း ခြေလှမ်းတို့က လွန်းရဲ့ အနာဂတ်ကြင်ယာတော်လေး၏နန်းဆောင်သို့ ဦးတည်နေတော့သည်။
                    နန်းဆောင်သို့ရောက်တော့ မြင်လိုက်ရသော မြင်ကွင်းက သူ့ကို အမျိုးအမည်မသိသော ခံစားချက်ကြီးကိုဖြစ်ပေါ်စေသည်။
                သူမြင်လိုက်ရသည်က ဒေဝီ က ဟို ကောင်လေးကို ဖက်ထားတာ။ဖက်ထားတယ် ဆိုတာ မတော်တဆ ‌ပြုတ်ကျသွားမှာဆိုးလို့ ဖက်ထားမှန်းသိပါသည်။သို့သော် အဲ့အရာထက်သူ့ကို စိတ်တိုစေသည်အရာက မျက်လုံးထဲက အကြည့်တွေကြောင့်။
             ဒေဝီ့အကြည့်တွေလားလို့မေးရင်မဟုတ်ပါ။သူ့ရဲ့သက်ဆိုင်သူက ဒေဝီ့ကိုကြည့်နေသော မျက်ဝန်းတွေက ဘယ်လိုမှ မတူပါ။လုံးဝကိုကွဲပြားသည်။သူ့ကိုကြည့်တဲ့ မျက်ဝန်းတွေနဲ့ပေါ့။ဘာတွေ ပိုနေလဲတော့မပြောတတ်။ဒါပေမဲ့ သူ့ကိုကြည့်တဲ့ အကြည့်တွေနဲ့တော့ ကွာခြားလှသည်။
              အစက သွားတွေ့မည်ဟူ၍ အလုပ်ပေးထားသော ခြေလှမ်းတို့၏လားရာကို ဆန့်ကျင်ဘက်သို့သာ ဦးတည်ခဲ့တော့သည်။
**************************
မနက်မိုးလင်း အိပ်ရာနိုးလာလို့ အပြင်သို့ ကြည့်ရှုရန် ပြတင်းတံခါးကိုဖွင့်လိုက်တော့ အံ့ဩမှင်သက်စရာက ‌အလင်းရောင်တစိုးတစိမှမရှိပါဘဲ မှောင်ပိန်းနေခြင်း။
          ရှိုင်း ကိုယ့်မျက်စိတောင် ကိုယ်မယုံချင်။သူ သေချာပေါက် အိပ်လိုက်တာ ညပိုင်းပါ။ဘယ်လိုဖြစ်လို့ ‌မှောင်နေသနည်း။ဒါမှမဟုတ် သူတရေးနိုးလာလြို မိုးမလင်းသေးသည်လော။
           စဉ်းစားခန်းဖွင့်နေချိန်မှာဘဲ နန်းဆောင်အောက်က အော်ခေါ်သံကို ကြားလိုက်ရသည်။

Infierno:The series (Before I Met You)Where stories live. Discover now