Before I met you (Chapter 7)

37 6 8
                                    

Infierno:the series
Before I met you❤️❤️❤️

📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။ဟီး 😁😁😁နောက်တာ ဖတ်ချင်ရင်ဖတ်သာဖတ်။
ဤထဲတွင်ပါဝင်သော ဇာတ်ကောင်များ၊နေရာများ၊ဉပဒေနှင့်အခြားအကြောင်းအရာများသည် ‌စာရေးသူ၏စိတ်ကူးများသာဖြစ်ပြီးတကယ့်အဖြစ်မှန်များမဟုတ်ပါ။ပါဝင်နေသောနာမည်များသည် မရည်ရွယ်ဘဲတိုက်ဆိုင်သွားပါက တောင်းပန်အပ်ပါသည်။🙏🙏🙏

အိမ်ပြန်သည့်လမ်းတွင် လမ်းများက အလွန်ပိတ်သဖြင့် လွန်းနှင့်ရှိုင်း တို့ ကားထဲတွင်ပိတ်မိနေကြသည်မှာ တစ်နာရီလောက်ဖြစ်နေပြီ။လွန်းစိတ်တော့သိပ်မရှည်။သူတို့ ညစဉ်မြဲမြို့တွင် ဆို ယခုလောက်လမ်းပိတ်ဖို့မပြောနှင့် ကားက ပွိုင့်တောင်သိပ်စောင့်စရာမလို အကုန်လုံးက စည်းစနစ်တကျ။သူစိတ်ထဲတွင် လူသားတွေများ စည်းစနစ်မရှိလိုက်တာနော် ဟု ကဲ့ရဲ့သေးသည်။

(A/N:တို့တွေကိုဖဲ့တာ)

ကားများက ငါးမိနစ်နေမှ တစ်လက်မလောက်ရွေ့သည်။သူလက်တဖက်က စတီယာတိုင်ပေါ်တင်ထားပြီးနောက်တဖက်ကိုတော့ လက်သည်းကိုက်နေသည်။သူထိုကဲ့သို့လုပ်နေတုန်းဘေးက ဝစီပိတ်လေးစီက အသံတခုထွက်လာသည်။

"လက်သည်းမကိုက်နဲ့။"

"ဟမ်။"

"လက်သည်းမကိုက်နဲ့လို့။"

"ကိုက်မှာဘဲကွာ။ဘာလုပ်ချင်လဲ။"

"ဆက်ကိုက်။"

လွန်းဟက်ကော့ကြီးကျန်ခဲ့သည်။သူ ဖလစ်နေတာက ယောင်္ကျားလေးစစ်စစ်ကြီးဆိုတာမေ့ပြီး မိန်းကလေးတွေကိုဖလစ်သလို ဖလစ်တော့ ခံရပြီ။‌နည်းနည်းတော့ သိက္ခာကျပါသည်။ပျိုတိုင်းကြိုက်တဲ့ သူ့ကို ပြန်တောင် ဖလစ်ဖို့စိတ်ကူးမရှိပုံပေါ်နေတဲ့ကောင်လေးကို လွယ်လွယ်ရပြီးရောဆိုပြီး သတို့သားလုပ်ရန်ရွေးမိတာအခုတော့ အမှားကြီးမှားပြီ။ကားကမရွေ့။ကားမရွေ့လို့ အိုက်တာရော ခုနက သိက္ခာကျထားတာရောကြောင့် သူ သူ့ရှုပ်ကို အပေါ်နားက ကျယ်သီး နှစ်လုံးကိုဖြုတ်လိုက်သည်။သူ ထို့နောက် ဘေးက ဝစီပိတ်လေးကို သတိရပြီး သူအခုလိုလုပ်တာကိုရောဘယ်လို တုန့်ပြန်မလဲကြည့်လိုက်တော့ ကိုယ်တော်လေးက အိပ်တောင်ပျော်နေပြီ။ကောင်လေးကတော့ ကားအဲကွန်းအေးအေးလေးနှင့်ငြိမ့်နေပြီ။လွန်းကတော့ အဲကွန်းနဲ့တောင် မာန ထိခိုက်သဖြင့် ပူလောင်နေတော့သည်။

Infierno:The series (Before I Met You)Where stories live. Discover now