Infierno:The series
Before I met you❤️❤️❤️📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။ဟီး 😁😁😁နောက်တာ ဖတ်ချင်ရင်ဖတ်သာဖတ်။
ဤထဲတွင်ပါဝင်သော ဇာတ်ကောင်များ၊နေရာများ၊ဉပဒေနှင့်အခြားအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးများသာဖြစ်ပြီးတကယ့်အဖြစ်မှန်များမဟုတ်ပါ။ပါဝင်နေသောနာမည်များသည် မရည်ရွယ်ဘဲတိုက်ဆိုင်သွားပါက တောင်းပန်အပ်ပါသည်။🙏🙏🙏မှောင်မဲနေသော အခန်းထဲတွင် ကုတင်ပေါ်၌ လူနှစ်ယောက်။တစ်ယောက်က နောက်တစ်ယောက်ကို ဖက်ထားသည်။
ထိုအဖက်ခံထားရသော လူသားလေးကတော့ လူသားဖြစ်တဲ့ ရှိုင်းထက်ညီ။ဖက်ထားသော လူ....အဲ.....ငရဲမင်း...ဟုတ်ပါဘူး...ငရဲအိမ်ရှေ့စံ....မဟုတ်သေးပါဘူး။......သိပြီ.....မသေမျိုး။ဖက်ထားတာကတော့ မသေမျိုး လွန်းစေတန်ပိုင်။
အထင်တော့မလွဲကြပါနှင့်။ဖက်ထားရုံလေးပါ။သူတို့ ဒီလိုဖြစ်သွားရတဲ့အကြောင်းရင်းကတော့
*************************
Flashbackထမင်းစားပြီးတော့ ပိုးတုံးလုံးက ဆူပုတ်ပုတ်ဖြင့်။ခေါင်းကလည်း ငုံ့ထားသေးသည်။ရှိုင်းထက် ပန်းကန်ဆေးရင်း ပိုးတုံးလုံးကိုအကဲခတ်နေတာ တုတ်တုတ်မှမလှုပ်ဘဲ ထိုင်နေတာ ခေါင်းလည်းမထောင်လာ။လက်ညှိးနှစ်ခုကိုတော့ တခုနဲ့တခု ထိပြီးနေနေသည်။
ရှိုင်းသိသည် ဒီ ပိုးတုံးလုံး ဘာပေါက်ကရတွေမေးအုန်းမလဲမသိ။အဲ့တာကြောင့် စဉ်းစားနေတာ နေမယ်။သူတွေးရင်း တဖြည်းဖြည်း စိတ်ထဲ စိတ်တိုလာပြီး ဆေးလက်စ ပန်းကန်ကို ခပ်ကြမ်းကြမ်း ချလိုက်ပြီး အသံမာမာဖြင့်
"မင်း ဘာတွေကြံစည်နေပြန်ပြီလဲ။"
ရှိုင်းတကယ်တော့ မေးခွန်းတွေကိုဖြေရမှာ စိတ်ရှုပ်လို့ အော်မိလိုက်ခြင်းဖြစ်သည်။ဒါမဲ့ ဟို ပိုးတုံးလုံးကတော့ မျက်ရည်အဝိုင်းသားနှင့်မော့ကြည့်လာသည်။
ဒုတ်ဒုတ်..ဒုတ်ဒုတ်....ဒုတ်ဒုတ်
ဘာသံကြီးလဲ။ရှိုင်း သူဘာသံကြီးကြားနေရလဲမသိ။ထိုအသံမြည်လာတာ ပိုးတုံးလုံး မျက်ရည်အဝိုင်းသား Puppy eyesတွေနဲ့လှန်ကြည့်လိုက်တဲ့အချိန်မှာဘဲ။
ရှိုင်းနားမလည်နိုင်။ဘာတွေဖြစ်နေတာလဲ။ဘာလို့ ဒုတ်ဒုတ် အသံကြီးကိုကြားနေရတာလဲ။
YOU ARE READING
Infierno:The series (Before I Met You)
Ficção Históricaအာဏာတွေ၊ရာထူးတွေ၊ဥစ္စာပစ္စည်းတွေ ကို မတောင်းတပင်မဲ့ ရရှိခဲ့ရတယ်။အဲ့တာတွေအစားပြန်ရလိုက်တာက ချစ်ရသူနဲ့ မပေါင်းဖက်ရခြင်းကိုဘဲ အလဲအထပ်အနေနဲ့ပြန်ရခဲ့တယ်။ လွန်းစေတန်ပိုင်~ ဒီကမ္ဘာပေါ်မှာ ချစ်ရက်နဲ့ဝေးနေရတာ ငါတို့နှစ်ယောက်ကလွဲရင် ထပ်မရှိပါစေနဲ့တော့။ ရှိုင...