Infierno:the series
Before I met you❤️❤️❤️📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။ဟီး 😁😁😁နောက်တာ ဖတ်ချင်ရင်ဖတ်သာဖတ်။
ဤထဲတွင်ပါဝင်သော ဇာတ်ကောင်များ၊နေရာများ၊ဉပဒေနှင့်အခြားအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးများသာဖြစ်ပြီးတကယ့်အဖြစ်မှန်များမဟုတ်ပါ။ပါဝင်နေသောနာမည်များသည် မရည်ရွယ်ဘဲတိုက်ဆိုင်သွားပါက တောင်းပန်အပ်ပါသည်။🙏🙏🙏နှာဖျားလေးတွင်ပိုးသတ်ဆေးနံ့သင်းသင်းရသဖြင့် ရှိုင်းထက် မျက်လုံးကိုကြိုးစားဖွင့်ကြည့်လိုက်တော့သူက ဆေးရုံတခု၏အရေးပေါ်ခန်းတွင်။သူနိုးလာသည်ကို နာ့စ်မလေးကမြင်သော်အနားသို့ရောက်လာပြီး
"အကိုနိုးပြီလား။"
ရှိုင်းထက်မေးခွန်းများစွာရှိနေသည့်ထဲကတခုကိုမေးလိုက်သည်။
"အမ။ကျွန်တော်ဒီကိုဘယ်လိုရောက်နေတာလဲ။"
"ပန်းခြံတခုက ခုံတန်းပေါ်မှာအဖျားတွေတက်နေတယ်ဆိုပြီးလူတစ်ယောက်ကဆေးရုံကားလှမ်းခေါ်လို့။"
ရှိုင်းထက် ခေါင်းထဲတွင်မေးခွန်းများပိုများလာသည်။သူခုန်ချသောနေရာ အနီးအနားတွင်လည်းဘာပန်းခြံမှမရှိ။ရေစီးအတိုင်း သောင်တင်ရအောင်လည်း အဓိပ္ပာယ်မရှိ။သူထိုအခါမှသူ့ အဝတ်အစားများကိုကြည့်လိုက်သော် အကုန်လုံးကရေစိုထားသည်အရိပ်အယောင်မရှိ။သူထို့ကြောင့် နာ့စ်မလေးကိုထပ်မေးလိုက်သည်။
"အမဟိုလေ ကျွန်တော်ရောက်လာတုန်းက ရေစိုနေလား။"
"ဟမ်။မစိုပါဘူး။ခြောက်တာမှ ပက်ကြားကိုအက်လို့။"
"ဗျာ။ခြောက်နေတယ်။"
ရှိုင်းထက်စဉ်းစားလို့မရ။ဘာကြောင့်။ဘာအကြောင်းအရင်းကြောင့်ရေမစိုနေတာလဲ။
"အကို။ဒီဆေးပုလင်းကုန်ရင်ပြန်လို့ရပြီနော်။ဆေးဖိုးကရှင်းစရာမလိုဘူးနော်။စေတနာဖြစ်ဆေးရုံမို့လို့။"
YOU ARE READING
Infierno:The series (Before I Met You)
Historical Fictionအာဏာတွေ၊ရာထူးတွေ၊ဥစ္စာပစ္စည်းတွေ ကို မတောင်းတပင်မဲ့ ရရှိခဲ့ရတယ်။အဲ့တာတွေအစားပြန်ရလိုက်တာက ချစ်ရသူနဲ့ မပေါင်းဖက်ရခြင်းကိုဘဲ အလဲအထပ်အနေနဲ့ပြန်ရခဲ့တယ်။ လွန်းစေတန်ပိုင်~ ဒီကမ္ဘာပေါ်မှာ ချစ်ရက်နဲ့ဝေးနေရတာ ငါတို့နှစ်ယောက်ကလွဲရင် ထပ်မရှိပါစေနဲ့တော့။ ရှိုင...