Before I met you (Chapter 3)

58 8 5
                                    

Infierno:the series
Before I met you❤️❤️❤️

📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။ဟီး 😁😁😁နောက်တာ ဖတ်ချင်ရင်ဖတ်သာဖတ်။
ဤထဲတွင်ပါဝင်သော ဇာတ်ကောင်များ၊နေရာများ၊ဉပဒေနှင့်အခြားအကြောင်းအရာများသည် ‌စာရေးသူ၏စိတ်ကူးများသာဖြစ်ပြီးတကယ့်အဖြစ်မှန်များမဟုတ်ပါ။ပါဝင်နေသောနာမည်များသည် မရည်ရွယ်ဘဲတိုက်ဆိုင်သွားပါက တောင်းပန်အပ်ပါသည်။🙏🙏🙏

မာန်သတ္တိ တံတားတွင် ညလည်ပိုင်းဖြစ်သဖြင့်လေပြည်လေးများတိုက်ခါတိတ်ဆိတ်နေသည်။တံတားပေါ်တွင်ကားလေးများက တစ်စီးပြီးတစ်စီးတဖြတ်ဖြတ်နှင့်ဖြတ်သွားကြသည်။တံတားအလည်ပိုင်း တံတားလက်တန်းပေါ်တွင်တော့ လူတစ်ယောက် မတ်တပ်ရပ်နေသည်။ထိုသူက.......

တအားချောပြီးချစ်စရာကောင်းတာသိလား။ကျွန်တော်လေ ဘယ်လိုပြောပြရမှန်းကိုမသိတာ။ ပြောရမယ်ဆိုရင်လေ ကျွန်တော် လွန်းစေတန်ပိုင် ချ.......

နေ။နေ။လွန်း။များနေပြီ။စာရေးသူဘဲပြောပါ့မယ်။ကြားထဲကနေဖြတ်ဖြတ်ပြီးမပြောပါနဲ့။Spoilပါတယ်ဆိုပြီး ထသတ်နေမယ်။ကန်တော့ပါနော် စာဖတ်သူလေးတို့ရေ။အဲ့ကောင်က ဘယ်လိုမှကိုပြောမရတာ။နောက်တခါလုပ်ရင်တော့ကတိပေးပါတယ်။ စာဖတ်သူတို့အလိုကျ သူ့ကိုရိုက်သတ်ပေးပါ့မယ်ခ။🙏

ထိုသူက...ရှိုင်းထက်ညီ။ရှိုင်းထက်ညီတစ်ယောက်တံတားလက်တန်းပေါ်မတ်တပ်ရပ်နေပြီး မျက်လုံးလေးများကိုမှိတ်ထားသည်။လေညှင်းလေးများက သူ၏နူးညံ့ဖြူဖွေးသော‌အနည်းငယ်တစ်တစ်ဖောင်းဖောင်း ပါးပြင်လေးကိုထိတွေ့ကစားသွားကြသည်။သူရဲ့ပြောင်လက်မဲနက်ပြီးသပ်သပ်ရပ်ရပ်ဖြစ်နေတဲ့ဆံပင်အုပ်ထူထူလေးကိုလည်းအနည်းငယ် ပုံစံပြောင်းသွားအောင်တိုက်ခက်သွားသည်။သူ့ရဲ့မျက်လုံး အညိုရောင်လေးကိုဖုံးအုပ်ထားသော မျက်ခွံဖြူဖြူလေးတွေကအနည်းငယ်လှုပ်ခက်လာပြီး လှပကျော့‌ရှင်းပြီးပုလဲလုံးလေးလိုတောက်ပနေတဲ့မျက်လုံးအညိုရောင်လေးပေါ်ထွက်လာသည်။မျက်လုံးလေးက မျက်ရည်လေးများဝေ့နေသဖြင့် ယခင်ထက်ပိုပြီးတောက်ပနေသည်။သူရဲ့ နူးနူးညံ့ညံ့နှုတ်ခမ်းလေးကနေပြီးတိုးညှင်းစွာ

"ဖေဖေ........။မေမေ........။လောကကြီးကမတရားဘူးဗျာ။သား တရားမျှတမှုလိုချင်လို့ တရားမျှတတာကိုဖော်ထုတ်ချင်လို့ Law Major ယူတာလေ။"

မျက်ရည်‌လေးတစ်စက်ကျလာပြီး

"အခုလိုကျောင်းထုတ်ခံရဖို့မှမဟုတ်တာ‌‌ဗျာ။သားကိုကျောင်းတွင်းအကြမ်းမှု တရားခံဆိုပြီး ကျောင်းထုတ်တယ်။နောက်ပြီး လျော်ကြေးအနေနဲ့လည်း မေမေတို့ပေးခဲ့တဲ့ မြေကွက်ကိုသိမ်းသွားတယ်ဗျာ။သားမှာ လုပ်ငန်းလုပ်ရအောင်လည်းမြေမရှိတော့ဘူး။နေစရာအိမ်ကလည်း မီးခြစ်ဆံဘူးလောက်လေး။ရောင်းရင်တောင်ဘာမှရမှာမဟုတ်ဘူး။အချိန်ပြည့်အလုပ်လုပ်ဖို့လည်းအသက်ကမပြည့်သေးဘူး။ဘာမှလည်းစဉ်းစားလို့မရတော့ဘူးဗျာ။ပင်ပန်းလာပြီ အခုချိန်ထိသည်းခံလာရတာပင်ပန်းလာပြီ။"

သူမျက်စိကိုမှိတ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှုကာပြောလိုက်မည်။

"သားမေမေတို့စီဘဲလာတော့မယ်။အဲ့မှာဘယ်လိုနေလဲတော့မသိဘူး။သားလိုက်လာတော့မယ်။"

သူထိုသို့ပြောပြီးတံတားပေါ်ကနေ မြစ်ထဲကိုခုန်ချလိုက်‌တော့သည်။တံတားလက်တန်းပေါ်တွင် ရပ်နေသော ကောင်လေးမရှိတော့ပင်မဲ့ တံတားပေါ်တွင်ဖြတ်သန်းနေသောကားများကတော့ အဆက်မပျက်။

********************************

Infierno:The series (Before I Met You)Where stories live. Discover now