Before I met you (Chapter 19)

22 4 0
                                    

Infierno:The seriesBefore I met you❤️❤️❤️
📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။ဟီး 😁😁😁နောက်တာ ဖတ်ချင်ရင်ဖတ်သာဖတ်။
ဤထဲတွင်ပါဝင်သော ဇာတ်ကောင်များ၊နေရာများ၊ဥပဒေနှင့်အခြားအကြောင်းအရာများသည် ‌စာရေးသူ၏စိတ်ကူးများသာဖြစ်ပြီးတကယ့်အဖြစ်မှန်များမဟုတ်ပါ။ပါဝင်နေသောနာမည်များသည် မရည်ရွယ်ဘဲတိုက်ဆိုင်သွားပါက တောင်းပန်အပ်ပါသည်။🙏🙏🙏

ခမ်းနားကျယ်ဝန်းလှတဲ့ စာသင်နန်းးဆောင် အတွင်းတွင် မျက်ဝန်း ပြာလဲ့လဲ့ ဖြင့် ယောင်္ကျားလေးဆန်သော မျက်နှာ ခန္ဓာကိုယ်နှင့် နုပျို မှုကိုဆောင်ကြဉ်‌ထားသော အမျိုးသားက ကြက်သွေးရောင် နန်းဝတ် နန်းစား ဖြင့် စာပေလွှာကို ကိုင်ကာ ကဗျာ တပုဒ်ကို ရွတ်ဆိုနေသည်။

သူ့နောက်ကနေ ကလေးငယ်တသိုက်ကလည်း ကဗျာကို စိတ်ဝင်တစားနားထောင်ပြီးရွတ်ဆိုနေသည်။ကလေးများရဲ့ စာဆိုသံနဲ့ ဆရာဖြစ်သူ ၏ စာဆိုသံတို့ တငြံငြံ ဖြစ်နေသော နန်းဆောင်လေးက ကျက်သရေ အဖြာဖြာနှင့်ပြည့်စုံပြီး မြင်တွေ့သူအပေါင်းတို့ကို အေးချမ်းစေသည်။

ထို အချိန်တွင် ပြတင်းပေါက် တံခါးကို ခဲလုံးနဲ့ မမှီ မကန်း ကောက်ပေါက်နေသော မိန်းမပျိုလေးကတော့ ဆူပုတ်ပြီး စိတ်တို နေတော့သည်။ထို ခဲနဲ့ပေါက်သည်က အကြိမ်ရေ များလာတော့ စာသင်နေသော ဆရာ က အာရုံ နောက်လာကာ ပြတင်းပေါက်နား ကိုသွားလိုက်ပြီး မြင်လိုက်ရသောသူက သူ၏ချစ်လှစွာသော သူငယ်ချင်း သျှားခတ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဟဲ့ သျှားခတ် ငါကလေးတွေကို စာသင်‌နေတယ်လေဟ။ခဏနေအုန်း။"

"ဝသုန် စာသင်ပြီးရင် ငါ့အိမ်လာခဲ့ဟာ။ပြောစရာရှိတယ်။"

ထိုအချိန်တွင် ပြည့်ပြည့်ဖောင်းဖောင်း နှင့် ချစ်စရာကောင်းနေသော ကျောင်းသား လေးတစ်ယောက်က

"ဆရာ သွားလိုက်ပါ။ဆရာ့ချစ်သူဝမ်းနည်းနေပါမယ်။သားတို့က စာမသင်ရလည်းရပါတယ်ဗျာ။"

Infierno:The series (Before I Met You)Where stories live. Discover now