Before I met you (Chapter 14)

22 3 0
                                    

Infierno:The series
Before I met you❤️❤️❤️

📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။

လေပြင်းများက တိုက်ခက်နေသည်။လိုက်ကာများလည်းကြမ်းတမ်းစွာလွင့်နေသည်။ဘာစကားသံမှမထွက်‌‌ ပေါ်နေသဖြင့်အေးစက်သည့်အခြေအနေက ဖြစ်ပေါ်နေသလို တပြိုင်တည်း အကြည့်ဆူးဆူးများများဖြင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသော လူနှစ်ဦး၏အခြေအနေကလည်းတင်းမာနေသည်။စားပွဲခုံပေါ်က စာရွက်လေးကလည်း ကျန်တဲ့အခန်းထဲမှ ပစ္စည်းများလိုလွှင့်ထွက်မနေဘဲ ထူးဆန်းစွာထိုင်ခုံပေါ်တွင် တုတ်တုတ်မျှမလှုပ်ဘဲငြိမ်နေသည်။

မျက်လုံးအနီရောင်နှင့် လူကစတင်၍

"မင်း အဲ့လိုဘဲ ပေကပ်ပြီး လက်မှတ်မထိုးဘဲနေမှာလား။"

မျက်လုံးအညိုရောင်ဖြင့်လူသားကလည်း ထိုင်ခုံလက်တန်းပေါ်တွင် တင်ထားသောလက်များကိုလက်သီးတင်းတင်းစုပ်ပြီးအား ယူကာ

"မ ထိုး နိုင် ဘူး။"

တစ်လုံးချင်းပီပီသသပြောလိုက်သည်။
ထိုနှစ်ယောက်က တခြားသူတွေတော့မဟုတ် လွန်းစေတန်ပိုင်နှင့် ရှိုင်းထက်ညီ။

တကယ်တော့ ရှိုင်းနဲ့လွန်းခုမှစကားပြောခြင်းဖြစ်သည်။ရှိုင်းကို ဝယ်ဖို့ဆိုပြီး သေသလိုဟန်ဆောင်တာပေါ်သွားတဲ့နေ့ကစပြီး ရှိုင်းကလွန်းကို စကားမပြောဘဲ အခန်းပြင်ကိုထွက်မလာတာတစ်ပတ် ရှိနေပြီ။ခုမှ ထွက်လာပြီးစကားပြောခြင်းဖြစ်သည်။

ထွက်လာပြန်တော့လည်းပြောတာကိုကြည့်။ ကျွန်တော့ အိမ်ပြန်မယ်။ခင်များလာလည်းမရှာနဲ့။ခင်များကိုလည်း ကျွန်တော့်ကိုယ်ကျွန်တော်မရောင်းဘူး ဆိုဘဲ။ခုလည်း လက်မှတ်ထိုးခိုင်းတာကိုလုံးဝ မထိုး။တင်းခံနေသည်။လွန်းလည်းစိတ်ရှည်ထားရတာများနေပြီ။

"မင်း ဘာလိုချင်တာလဲ ပြော။ရတယ် ကြိုက်တာပြော။"

ထို လူသားစီမှ ထွက်လာသော စကားလုံးက လွန်းကို အံ့အား သင့်စေသည်။

"တရားမျှတမှု နဲ့ အမှန်တရား။"

လွန်း နည်းနည်း ကြောင် သွားပြီးမှ

"ဒါဘဲလား???"

"အင်း။အဲ့တာဘဲ။ အဲ့တာလေးဘဲ။"

လွန်း မျက်ခုံးတစ်ဖက်ကို ပင့်ပြီး

"ဘာလို့လဲကွ။အကြောင်းအရင်းကို ဒီက သာ့ကော် ကိုပြောပြမလား။"

"ခင်များလိုချင်တာ ဒီမှာလက်မှတ်ထိုးပြီး ခင်များကိုလက်ထက်ရုံဘဲမလား။ကျန်တာ လာမမေးနဲ့။ကျွန်တော်လိုချင်တဲ့ တရားမျှတမှု ရဖို့ သိသင့်တဲ့ဟာတွေပြောပြမယ် ကျန်တာခင်များနဲ့မဆိုင်ဘူး။"

"ဟ............အေးပေါ့လေ။ငါလိုချင်တဲ့ လက်မှတ်ရရင် ရပါပြီ။"

ရှိုင်း လက်မှတ်ထိုးရင်း သက်ပြင်း တချက်ချမိသည်။ခုတော့ မသေချာသေးပင်မဲ့ သူလိုချင်တဲ့ တရားမျှတမှုကိုရတော့မယ်။မေမေ နဲ့ဖေဖေ ခံစားရတာတွေကို ပြန် ပေးဆပ်ခွင့်ရဖို့ အလှမ်းနီးလာပြီ။

************************

Infierno:The series (Before I Met You)Where stories live. Discover now