Before I met you(Chapter 24)

25 2 4
                                    

Infierno:The series
Before I met you❤️❤️❤️

သလွန်ပေါ်တွင် ခင်ပွန်းသည်ကိုဆုံးရှူံးလိုက်ရလို့ ငိုင်‌ နေသော မုဆိုးမကြီးကဲ့သို့ဆံပင်ကြီးဖားလားဖြင့် ဒူးထောင် မေးထောက်ကာ ဆွေးနေသော သူမှာလွန်းစေတန်ပိုင်။

နန်းဆောင်ပြန်ရောက်ထဲက အပူသည်ကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေရသည်။ဘယ်လိုဖြစ်နေမှန်းလဲ မသိ။သူ ဘာလုပ်လုပ် ဟို လူသားငယ်စီဘဲ စိတ်ကရောက်နေသည်။ညနေစာ စားတုန်းကလည်း စားနေရင်း သူရော စားရတာအဆင်ပြေရဲ့လား။စားပြီးလို့ ခြေခင်းလက်ခင်းသာယာတုန်းခြံဝန်းထဲလမ်း ထွက်လျှောက်တော့လည်း သူအခု ဘာလုပ်နေမလဲ မသိဘူး။အိပ်ဆောင်ထဲ ပြန်ဝင်လာပြီး ခြေ‌လက်ဆေးဖို့ လုပ်ပြန်တော့လည်း သူရော ခြေလက်ဆေးရတာ အေးနေမလား၊ချမ်းနေမလား၊အဆင်ရောပြေရဲ့လား လို့ တွေးနေမိသည်။

အခုလည်း အိပ်ဖို့ သျှောင်ထုံး ဖြည် ပြီး လှဲအိပ်နေရာ လှဲအိပ်နေတုန်း သူ့အကြောင်းခေါင်းထဲဝင်လာသည်။အခုချိန် အိပ်ရော ပျော်ပါ့မလား။အဆင်ရောပြေရဲ့လား။အိပ်မက်ဆိုးတွေမက်နေမလား။မှောင်တာကြောက်ပြီး ထိတ်လန့်နေမလား။အတွေးပေါင်းစုံက သူ့ခေါင်းထဲတွင် တဝဲလည်လည်။အတွေးတို့ကို ရပ်တန့်ပြီးလက်နှစ်ဖက်ဖြင့် ဆံပင်တို့ကိုထိုးဖွပစ်လိုက်သည်။သူဘာကြောင့် ဒီလိုဖြစ်နေလဲဆိုတာကို စဉ်းစားလို့မရ။လူတစ်ယောက် နဲ့ပတ်သတ်ပြီးဒီလောက်စဉ်းစားပြီး စိတ်ရှုပ်နေတာ သူ့ဘဝမှာ ပထမ ဆုံးအကြိမ်ဖြစ်သည်။
********************************
သူ့နဲ့ မတူဘဲ တဖက် နန်း‌တွင်းပန်းခြံထဲတွင်တော့

"ဟားဟားဟားဟားဟား"

"ဟာ အကိုကလည်း တကယ်ပြောတာဗျ။မယုံဘူးလား။"

ဝါးလုံးကွဲအောင် တဟားဟား နဲ့ရယ် နေသူက ရှိုင်းဖြစ်ပြီး ရှိုင်းကိုမကျေနပ်သလို‌ပြန်ပြောနေသည့်ကောင်လေးကတော့ လင်းစေတန်ညီ။

အွန်း လင်းစေတန် ဒီကို ဘယ်လို ရောက်နေလဲဆို သူ၏ချစ်လှစွာသော တပည့်မ နန်းတွင်းသူ မြသံသာ ရဲ့ စနက်များကြောင့်ဖြစ်သည်။ဒါပေမဲ့ လည်း အဲ့ကလေးမကြောင့် သူ အခု ကိုကို နှင့်တူတူရှိနေရပြီ။

Infierno:The series (Before I Met You)Where stories live. Discover now