Infierno:The series
Before I met you❤️❤️❤️"ဟမ်"
ဘေး က သူ့ထက် မသိမသာ မြင့်သူ ကို အခုမှ လမ်းလျှောက်လာရင်း ကြည့်မိတာ သူ့ကိုခေါ်ပြီး အိမ်က ထွက်လာတုန်းက နှင့်မတူဘဲ ထူးခြားနေတာကို သတိထားမိပြီး ရှိုင်း အာမေဋိတ် သံထွက်မိသွားသည်။ထိုအသံကို ကြားသော သူက
"ဘာဖြစ်လို့လဲ။"
"ဟို ခင်များ ဆံပင်ကြီးက ဘာဖြစ် ဘယ်လို ဟမ် ဘာဖြစ်သွားတာလဲ။"
ထိုအချိန်တွင် ရုပ်ရည်သန့်သန့် ပြန့်ပြန့်ဖြင့် နက်ပြာရောင် နန်းတွင်းဝတ်စုံကို ဝတ်ထားသော အကိုက
"ညီလေး ရဲ့ အဲ့တာ အကိုတို့ ရဲ့ သဘာဝ လို့ ပြောရမလားဘဲ။ဒီကမ္ဘာ ကိုပြန်ရောက်လာရင် အဲ့လို ဘဲ မူရင်း ဆံပင် ပုံပြန်ဖြစ်သွားရော။"
"ဟမ် ဒါဆို သူက နဂိုထဲက ဆံပင် အရှည်ပေါ့။"
"ဒါပေါ့။"
ရှိုင်း အံ့ဩ သွားသော်လည်း အဆိုး ဘက်က မဟုတ်ပါ။ထိုသူက နက်မှောင် လှပတဲ့ ဆံနွယ်တို့ကို ပိုင်ဆိုင်ထားသူဖြစ်သဖြင့် သူနဲ့ တွေ့ခဲ့သည့်တလျှောက်လုံး ဆံပင် တို ဖြစ်သော်ငြား ယခုအခါမှာ သျှောင်ထုံးဖြင့် ဖြစ်နေပြီး အလွန်ကြည့်ကောင်းလှသည်။ထို့အပြင် နဖူးစီး အနက်ရောင် ကိုမှ ရွှေရောင်ကနုတ်လေးများ အစီအရီ လှလှပပ ပုံဖော်ထားသည်ကို ဝတ်ဆင်ထားတော့ နက်မှောင်သော ဆံကေသာနှင့် ပနံသင့်လှသည်။
ရှိုင်း ချစ်ရသူကို တကယ်တော့ ခေါင်းအစ ခြေအဆုံး အကြာကြီး ငေးကြည့်ဘူးချင်သည်။သို့သော်ငြား ရှိုင်းနှင့် ထိုသူ၏ကြားမှာ အပေးအယူ ဆိုသည့် တံတိုင်းကြီးက ခြားထားသည်။ရှိုင်း ဘဝ တွင် အချစ်ဆိုတာကို ရှာချိန်မရခဲ့ပါ။အသက်ကငယ်သေးလို့ မတွေ့သေးတာ လို့ တွေးလို့ရပင်မဲ့ ငယ်ငယ်က လည်းကျန် ကလေးတွေလို စိတ်ကစား ခြင်းအရာတောင်မရှိခဲ့။အခုတော့ ထိုသူနှင့်တွေ့မှ ထိုသူနှင့်တွေ့လိုက်မှ..ရှိုင်း...ရှိုင်း...ချ...
"ဟိတ် ခေါ်နေတာ ကြာနေပြီ ဘာတွေတွေးနေလို့ မကြားတာလဲ။"
အတွေးတို့က ထိုသူ ၏ဩရှရှ အသံအောက်တွင် ပျောက်ကွယ်သွားတော့သည်။
YOU ARE READING
Infierno:The series (Before I Met You)
Historical Fictionအာဏာတွေ၊ရာထူးတွေ၊ဥစ္စာပစ္စည်းတွေ ကို မတောင်းတပင်မဲ့ ရရှိခဲ့ရတယ်။အဲ့တာတွေအစားပြန်ရလိုက်တာက ချစ်ရသူနဲ့ မပေါင်းဖက်ရခြင်းကိုဘဲ အလဲအထပ်အနေနဲ့ပြန်ရခဲ့တယ်။ လွန်းစေတန်ပိုင်~ ဒီကမ္ဘာပေါ်မှာ ချစ်ရက်နဲ့ဝေးနေရတာ ငါတို့နှစ်ယောက်ကလွဲရင် ထပ်မရှိပါစေနဲ့တော့။ ရှိုင...