Before I met you (Chapter 22)

19 2 5
                                    

Infierno:The series
Before I met you❤️❤️❤️

"🎶🎵မြို့ထဲလမ်းမပေါ် ကားရောင်စုံများစွာ
တစ်စီးမှ ကိုယ်မပိုင်ပါ
အိမ်ခန်းပေါင်းများစွာလည်း
မြို့လယ်မှာရှိတာ
တစ်ခန်းမှ မပိုင်ပါဘူး
အို...ယောင်္ကျားလေးများစွာ
တကယ်ကိုများ
ဘယ်သူမှ တို့မပိုင်ပါလား
အားလုံးထဲမှာ
မင်းတစ်ယောက်တော့လေ
အို...တို့ပိုင်ဆိုင်ပါရစေ
ပိုင်ရှင်မရှိ သေးတဲ့
ချစ်လေးရေ
ပိုင်ရှင် တို့ဖြစ်လိုက်ချင်ပါတယ်
ဒီကမ္ဘာ မြေထဲမှာ ရှိသမျှထဲ
တခုဘဲ မင်းကို
အမြဲတမ်းပိုင်ချင်ပါတယ်။🎶🎵🎼"

မနက်စောစောစီးစီး ခွေးကားတက် ကြိတ်ထားတဲ့ အသံဖြင့် အေးချမ်းစွာ အိပ်စက်အနားယူနေသည်ကို ‌အော်ဟစ်ရမ်းကားနှောင့်ယှက်နေသူကား လွန်း ဟုခေါ်သော အယုတ်တမာဖြစ်သည်။

ဟာ...စာရေးသူကြီးကလည်း ကျွန်တော်မျိုး ကအသံအဲ့လောက်ကောင်းတာ နောက်ပြီး ကျွန်တော့ ကလေးလေးက ကျွန်တော်ကို အယုတ်တမာ လို့ မခေါ်ပါဘူးဗျာ။သူများ အတွဲအဆင်ပြေနေတာကို နှစ်တစ်ထောင် အက်ဖေ စာရေးသူကြီးမနာလိုတွေဖြစ်..ဖြစ်....။

တော် လိုက် တော့!! လွန်း ဝင်မပြောပါနဲ့တော့လို့ ပြောထားတာကို။ငါ့ ကိုလည်း စော်ကားသေးတယ်။အက်ဖေ တဲ့လား ရယ်လိုက်ချင်တယ်။စိတ်ရှိတိုင်း လုပ်လိုက်ရင် သေမိန့်ကျသွားမယ် ငြိမ်ငြိမ်နေ။

အဟမ်း....အဟမ်း...ဇာတ်လမ်းလေးကို ဆက်လိုက်ကြရအောင်။

မနက်စောစော စိတ်ထဲ လူသတ်ချင်စိတ်ပေါက်အောင် သီချင်းသီဆိုနိုင်သော သူကိုလည်း ရှိုင်းအံ့ဩမိပါသည်။သို့သော် သီချင်းကို ဘာသီချင်းမှန်းမသိအောင် ဆိုးဆိုးဝါးဝါး အော်ဆိုနေကာမူ ရှိုင်း ဒီသီချင်းကို သိပါသေးသည်။ထို့ကြောင့် စာသား တချို့ အနည်းငယ် ပြောင်းပြန် နိယာမ သက်ရောက်နေခြင်းသတိထားမိပါသည်။

ထို့ကြောင့် အိပ်ရာထဲက မထချင် ထချင်ဖြင့် အမေ မေတ္တာပို့၍ ထရသော ကျောင်းသား လေးလို ထလာပြီး မျက်နှာသစ် သွားတိုက်လုပ်ကာ အောက်ထပ်က နားဒုက္ခပေးနေသော အသံလာရာ မီးဖိုချောင်းထဲသို့ဝင်လာရာ မြင်လိုက်ရသော မြင်ကွင်းက ကိုယ့်သေတွင်းကိုယ်တူးပြီး သတ်သေလိုက်ချင်စရာ။

Infierno:The series (Before I Met You)Where stories live. Discover now