Before I met you (Chapter 16)

29 4 0
                                    

Infierno:The seriesBefore I met you❤️❤️❤️

📢Note:ဤဇာတ်လမ်းထဲတွင် ကြမ်းတမ်းယုတ်မာသော စကားအသုံးအနှုန်းများပါနိုင်သည်။ ယဉ်ကျေးလိမ်မာကျောင်းသား၊ကျောင်းသူ များမဖတ်သင့်ပါဟု အော်သာမှမှာကြားလိုပါသည်။ဟီး 😁😁😁နောက်တာ ဖတ်ချင်ရင်ဖတ်သာဖတ်။
ဤထဲတွင်ပါဝင်သော ဇာတ်ကောင်များ၊နေရာများ၊ဉပဒေနှင့်အခြားအကြောင်းအရာများသည် ‌စာရေးသူ၏စိတ်ကူးများသာဖြစ်ပြီးတကယ့်အဖြစ်မှန်များမဟုတ်ပါ။ပါဝင်နေသောနာမည်များသည် မရည်ရွယ်ဘဲတိုက်ဆိုင်သွားပါက တောင်းပန်အပ်ပါသည်။🙏🙏🙏


"ချစ်တယ် ချစ်တယ် ချစ်တယ် လို့ပြောနေတယ်လေ"

ရှေ့ကလျှောက်သွားသောသူကို အော်ပြောနေမိသည်။မာနတွေကို ခဝါချကာပြောလိုက်ခြင်းဖြစ်သည်။တချက်တောင်လှည့်မကြည့်လာသောသူကြောင့် ဒေါသထွက်ကာ ချစ်တယ် ဆိုတာကို ထပ်ခါ ထပ်ခါ နောက်ကလိုက်ပြီးပြောနေမိသည်။

"အဟင့် အဟင့် အီး ဟီး အဟင့် ဗြဲ"

ဟ......ခုနလေးတင်အကောင်းကြီး ထိုင်ပြီး ဘေးနားမှာ လွန်းနှင့်အတူ It's okay not to be okay ဆိုသည့် K-drama ကိုထိုင်ကြည့်နေသော ကောင်လေးက အခု အသံ မျိုးစုံထွက်ကာ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျကာ‌ငိုနေသည်။

လွန်း အတွေးများရတော့သည်။သူဒီတိုင်းဘေးကနေ ထိုင်ပြီး ကြည့်နေတာ ဘာအမှားများပါသွားလည်းမသိ ကောက်ခါငင်ကာ ငို နေသော ကောင်လေးကို ထိုင်ပြီးကြည့်နေမိသည်။ကိုယ့်ဟာကိုယ် လည်း အချိုးပြေစွာ နေနေရသည်။‌ ခြေထောက်ကို ဖြဲကား ထိုင်နေရာက နေ ဆိုဖာပေါ် တင်ပြီး ဒူးကို လက်ဖြင့် ပိုက်ကာ အပိုးကြိုးကြိုးထိုင်ရသည်။မထင်ရင်မထင်သလို ပြဿနာက လွန်းဘက်လှည့်လာတတ်သည်မလား။

ရှိုင်း ကြည့်နေရင်းဖြင့် ဇာတ်လမ်းထဲက မင်းသမီးက အစပိုင်းတွင် ခပ်ခါခါနေခဲ့ပြီးမှ မင်းသားစိတ်ဆိုးသွား၍နောက်ကနေ သူချစ်ခင်မြတ်နိုးကြောင်းကိုပြောလိုက်ချိန်တွင် ရှိုင်း သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် နားလည်ပြီး ပေါင်းတော့မည်ဟုထင်လိုက်ချိန်တွင် စိတ်ဆိုးကာထွက်သွားသော မင်းသားက ရှိုင်းထင်သလို ပြန်လှည့်မကြည့်ဘဲ ရှေ့သို့သာ ‌ဆက်လျှောက်သွားသည်။

Infierno:The series (Before I Met You)Where stories live. Discover now