Unicode
မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၂)
မှိုင်းညို့ဝေတပ်ရင်းသို့ပြန်သွားသည့်နေကနေစပြီး ကောင်းခြင်းတည်တစ်ယောက် ခေတ်သစ်စတို့အိမ်ကိုချောင်းပေါက်မတက်လာ၍နေပါသည်။
ခေတ်သစ်စဘက်က ဖေဖေ့ကိုလည်းမလွန်ဆန်နိုင် ကောင်းခြင်းတည်ကိုလည်းသဘောမကျ။
ဖေဖေရှိသည့်အချိန်ဆို အလိုက်အထိုက်ဆက်ဆံပေး၍ ဖေဖေမရှိလျှင်ခပ်တည်တည်ခပ်တန်းတန်းသာဆက်ဆံပါသည်။ယခုလည်း ရုပ်ရှင်သွားကြည့်ရန် ခေတ်သစ်စကိုလာခေါ်နေခြင်းပင်။ထိုနေ့၌ ဖေဖေသည်လည်းအိမ်၌ရှိနေတော့ ခေတ်သစ်စလိုက်သွားရပေမည်။
ခက်လိုက်တာ....
"ခေတ်လေး ကိုယ်တို့သွားကြမယ်လေ"
"ဟုတ် ဟုတ်ကဲ့"
ခေတ်မသွားခင် ဖေဖေနှင့်မေမေထိုင်နေသော ဧည့်ခန်းဘက်သို့တစ်ချက်လှမ်းကြည့်လိုက်သည်။
ဖေဖေသည် ကျေနပ်သဘောကျသောအပြုံးမျိုးနှင့်ပြုံး၍နေပြီး မေမေသည် သည်းခံလိုက်ပါသားရယ်ဟူသောအပြုံးလေးဖြင့်သာ...။"ဦးလေးနဲ့ဒေါ်ဒေါ် ကျွန်တော် ခေတ်ကိုခေါ်သွားလိုက်ပါအုန်းမယ်ဗျ"
"အေးအေး မောင်ကောင်းခြင်းတည်"
ခေတ်နှင့်ကောင်းခြင်းတည်တို့လိုက်ပါသောကားလေးသည် ထိုအိမ်ကြီးထဲမှထွက်ခွာသွားတော့သည်။
-----------------
မှိုင်းညို့ဝေ တပ်ရင်းသို့ပြန်သွားပြီး ၂လအကြာမှာ
ဖေဖေတို့က ခေတ်ကိုကောင်းခြင်းတည်နှင့်လက်ထပ်ပေးရန်အတင်းစီစဉ်ကြသည်။မကြာသေးခင်က မှိုင်းညို့ဝေဆီက စာကို ခေတ်လက်ခံရရှိခဲ့သည်။မှိုင်းတို့ နယ်စပ်ကိုဆင်းသွားပြပြီး စစ်တိုက်ထွက်ရန်သွားကြပြီ။ခေတ်ကတော့ မောင့်ကိုပေးတဲ့ကတိမတည်နိုင်တော့ဘူးထင်ပါတယ်။
"ခေတ်သစ်စ "
"ဟုတ်ကဲ့ဖေဖေ"
ဖေဖေခေါ်နေသောကြောင့် အတွေးလွန်နေသောခေတ်သည် ဖေဖေရှိရာသို့အပြေးသွားခဲ့သည်။
"သား အဟွက်"
"ဖေဖေ ဘာဖြစ်တာလဲ"
"အဟွက် အဟွက် "
YOU ARE READING
မှိုင်းဝေချစ်သောခေတ်သစ်စ
Short Storyမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။