Unicode
မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၆)
ကောင်းခြင်းတည် မီးဖိုခန်းထဲဝင်ပြီးချက်ပြုတ်ပြီးတော့ ခေတ်လေးနိုးလာလေသည်။
"ကိုကို ! ဘယ်တုန်းကပြန်ရောက်တာလဲ"
ခေတ် အိမ်အပေါ်ထပ်၏လှေကားမှဆင်းလာရင်းနှင့်ပင်ကောင်းခြင်းတည်ကိုလှမ်းအော်မေးသည်။
"ဖြည်းဖြည်းဆင်း ခေတ်
ကိုယ်ရောက်တာမကြာသေးပါဘူး ""ဟို ပါလား ကိုကို"
"မနက်ဖြန်ဆိုရောက်လိမ့်ခေတ်လေး"
"ဟုတ်ကိုကို"
ခေတ်ကိုကောင်းခြင်းတည်ပေးချင်သောမျိုးစေ့များသည်အလွန်ရှားသောကြောင့် ကောင်းခြင်းတည်၏အာဏာကိုသုံး၍မရမကရှာခိုင်းထားခြင်းဖြစ်သည်။
ကိုယ့်မှာ အာဏာရှိတယ်၊ပိုက်ဆံရှိတယ်၊ခေတ်ကိုပိုင်တယ်။ ဒါပေမယ့် ကိုယ်အထီးကျန်နေရတယ်။
ခေတ်ကိုပိုင်သည်ဟာ ခေတ်၏လူခန္ဓာကိုယ်ကိုသာလျှင်ပေ။ခေတ်၏အချစ်ကိုမှမဟုတ်တာ၊
ကောင်းခြင်းတည်ချက်ပြုတ်ပေးထားသော နေ့လည်စာကိုစားပြီးသောအခါ ခေတ်သည်ဧည့်ခန်းထဲ၌သွားထိုင်နေလေသည်။ခေတ်အစာကြေရန်အလို့့ငှာ ထန်းညက်ခဲကိုကိုင်၍ ကောင်းခြင်းတည်လည်းဧည့်ခန်းထဲသို့လိုက်ဝင်သွားသည်။
"ခေတ်လေး ရော့ အစာကြေအောင်ထန်းညက်စားလိုက်အုန်း"
"ဟုတ်ကဲ့"
ခေတ်သည် ကောင်းခြင်းတညိပေးသော ထန်းညက်ခဲကာယူကာ တစ်ကိုက် ကိုက်လိုက်သည်။
"ဒါနဲ့ ကိုကိုရေ"
"ဗျာ"
"ဟိုတစ်နေ့က အပေါ်ထပ်မှာ ကိုကိုဂစ်တာတီးပြီးသီချင်းဆိုနေတာကို ကြားပါရဲ့ ၊ အဲ့လိုလေး နောက်တစ်ခေါက်လောက် ထပ်တီးပြလှည့်ပါလားဟင်"
"ခေတ်လေးသဘောပါဗျ ၊ ခဏနော် ကိုယ်ဂစ်တာသွားယူလိုက်အုန်းမယ် "
"ဟုတ် ဟုတ်"
ကောင်းခြင်းတည် ထကာ အပေါ်ထပ်၌ရှိသောဂစ်တာကိုအပြေးလေးသွားယူလိုက်သည်။
KAMU SEDANG MEMBACA
မှိုင်းဝေချစ်သောခေတ်သစ်စ
Cerita Pendekမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။