အပိုင်း(၁)

1.1K 57 8
                                    

Uni

မှိုင်းဝေချစ်သော‌ ခေတ်သစ်စ  အပိုင်း(၁)

"ခေတ် မောင်တို့လက်ထပ်ကြမယ်နော်"

ကုက္ကိုပင်ကြီး၏အောက်တွင်ထိုင်ကာ ချိန်းတွေ့နေကြရသည်။ခေတ်၏မိဘတွေသည် မျိုးရိုးအဆင့်အတန်းမြင့်တာဖြစ်တဲ့အတွက်ကြောင့် မှိုင်းဝေလို အဆင့်နိမ့် တပ်သားတစ်ယောက်ဖြစ်တာကြောင့်သဘောမတူချင်ပေ။ဒါ့ကြောင့် မှိုင်းဝေနှင့်ခေတ်တို့ ချိန်းကာပင်တွေ့နေကြရသည်။

"လက်ထပ်မှာပေါ့ မောင်
ခေတ်က  မောင့်ကိုသိပ်ချစ်တာမို့ ခေတ်တို့လက်ထပ်ကြမယ်။"

ရှေ့ရေးကိုကြိုမတွေးကြပဲ ပစ္စုပန်မှာပင်ပျော်ရွှင်နေကြသည်။

ထိုနေ့က မှိုင်းဝေနဲ့ချိန်းတွေ့ပြီး ခေတ်သစ်စ အိမ်ကိုပြန်သည့်အချိန်မှာ

ဖြန်း !

"မေမေ !"

ခေတ် အလန့်တကြားပင် မေ‌မေ့ကိုခေါ်လိုက်မိသည်။
ခေတ်ကိုရိုက်ဖို့ပင်မပြောနဲ့ ငယ်စဉ်ထဲကပင်လက်နဲ့မရွယ်ခဲ့သောမေမေသည် ခေတ်ကိုရိုက်တယ်။ခေတ်ရဲ့ပါးကိုနာနာကြည်းကြည်းနဲ့မေမေဟာရိုက်တယ်။
မေမေ့ရဲ့မျက်ဝန်းဟာနီရဲနေပြီး အချိန်အတန်ကြာငိုကြွေးထားခဲ့သောမျက်ဝန်းမျိုးပင်ဖြစ်သည်။

"ခေတ်သစ်စ ! နင့်ကိုအဲ့အကောင်နဲ့မပတ်သတ်နဲ့လို့ပြောထားတယ်လေ"

"မေမေ သား မှိုင်းကိုချစ်တယ်မေမေ၊မှိုင်းနဲ့လမ်းမခွဲနိုင်လို့ သားလိုခွင့်လွှတ်ပေးပါ။"

"နင်ဘယ်အချိန်ထိ မိသားစုသိက္ခာကိုချနေမှာလည်း ခေတ်သစ်စရယ် ၊ ဒီကိစ္စနင့်အဖေသိရင်မလွယ်ဘူး ။"

"မေမေ မပြောပါနဲ့ မေမေရယ်။သားကိုသနားရင်လေ ဖေဖေ့ကိုမပြောပါနဲ့နော် သားတောင်းပန်ပါတယ်။"

မေမေသည် ခေတ်ကိုဘာမှပြန်မပြောပဲ အိမ်ထဲသို့လှည့်၍ဝင်သွားခဲ့သည်။‌

------------

ခေတ်စိတ်ညစ်စွာပင် အခန်းထဲ၌လှဲနေစဉ်မှာ ခေတ်ကိုငယ်စဉ်ထဲကထိန်းခဲ့သောကြီးကြီးကတံခါးလာခေါက်သည်။

"ခေတ်လေးရေ အောက်မှာ ကိုသန့်စင်ခေါ်နေတယ်။ဆင်းခဲ့ပါအုန်းကွယ်"

မှိုင်းဝေချစ်သောခေတ်သစ်စOpowieści tętniące życiem. Odkryj je teraz