မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၁၄)
လမ်းခရီး၌ဗိုလ်မှုးလုပ်ကြံခံရ၍ကျသွားသည်ဟူသည့်သတင်းသည် တပ်ရင်း**သို့ရောက်ရှိလာလေသည်။ထိုသတင်းကြောင့် အထက်အရာရှိများသည် လက်ရှိတပ်သားများကိုဆက်၍မသွားခိုင်းစေတော့ပဲ တပ်ပြန်ဆုတ်ကာ **တပ်ရင်းသို့ပြန်လာခိုင်းသည်။
ဗိုလ်မှုးကောင်းခြင်းတည်ကျသွားသည်ဟူသောသတင်းသည် ခေတ်သစ်စရှိရာအရပ်ဆီသို့ပျံ့လွင့်လာသည်။
"ကိုခေတ် ကိုခေတ်ရေ...!"
ခေတ်သစ်စ ထမင်းချက်နေရင်းမှာ အိမ်ရှေ့၌တပ်သားလေးတစ်ဦး၏အမောတကောခေါ်သံကြောင့် အပြင်သို့ပြေးထွက်လာခဲ့သည်။
"အေး ဘာဖြစ်တာတုန်းကွ"
"ကိုခေတ် ဗိုလ်မှုး ဗိုလ်မှုးလေ...."
ထိုတပ်သားလေးသည်ပြေးလာရသည့်အတွက် မောနေလေဟန်ရှိတာကြောင့်စကားကိုဆက်မပြောနိုင်ချေ။
ကိုကိုသည် ရှေ့တန်းထွက်သွားတာကြောင့် ထိုတပ်သားလေး၏တစ်ဝက်တစ်ပြတ်စကားက ခေတ်ကိုရင်တုန်စေသည်။
ထို့ကြောင့် ထိုတပ်သားလေးအမောပြေစေရန်အလို့ငှာ အိမ်အထဲသို့ဝင်၍ရေအပြေးခပ်ပေးလိုက်သည်။
"ရော့ ရေအရင်သောက်လိုက်နော် ၊ ပြီးရင် မြန်မြန်လေးဆက်ပြောပါ။"
တပ်သားလေးသည် ခေတ်ခပ်ပေးသောရေကိုအမြန်မော့သောက်ကာ
"ဗိုလ်မှုး လမ်းခရီးမှာလုပ်ကြံခံရလို့ကျသွားပါပြီ ကိုခေတ် !"
ကြားလိုက်ရသောစကားများကိုမယုံနိုင်စွာပင်။
ခန္ဓာကိုယ်ရှိသွေးများသည်ပြောင်းပြန်လှန်သွားသကဲ့သို့ခံစားလိုက်ရသည်။
ကံကြမ္မာသည်ခေတ်ကိုသည်လောက်ထိပဲကြည်စယ်တာကောင်းမယ်ထင်တယ်။"ဘယ်လို ! ကိုကို ကိုကိုကလေ..."
"ကိုခေတ် စိတ်ကိုထိန်းပါဗျာ..အခုပြန်လာနေကြပါပြီ ၊ နေ့လည်လောက်ရောက်မယ်ထင်တယ်။"
ခေတ်သည် ထိုတပ်သားလေးကိုစကားပြန်မပြောနိုင်ပဲ ယိုင်နဲ့သောခြေလှမ်းများဖြင့် အိမ်ထဲသို့ဝင်သွားလိုက်သည်။
ခေတ်ပြိုလဲနေသည်ကို မည်သူတစ်ဦးတစ်ယောက်ကိုမှမပြချင်ပါ။
YOU ARE READING
မှိုင်းဝေချစ်သောခေတ်သစ်စ
Short Storyမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။