အပိုင်း (၁၅)

175 11 6
                                    

Unicode

မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၁၅)

သည်နေ့ ဗှိုလ်မှုးကောင်းခြင်းတည်၏အသက်မရှိတော့သောခန္ဓာကိုယ်ကြီးကို မီးသဂြိုလ်မည့်နေ့ပင်။

လက်မခံနိုင်သေးသော်လည်း ကိုကို ခေတ်ဘဝထဲကထွက်သွားသည်မှာ အမှန်တကယ်ပင်ဖြစ်သည်။

ခေတ် ယခု ကိုကို၏ရုပ်အလောင်းကို မီးသဂြိုလ်သည့်နေရာ၏အရှေ့၌ရပ်နေသည်။

ကောင်းခြင်းတည်သည် ဗိုလ်မှုးဖြစ်သည့်အလျောက် ကောင်းခြင်းတည်၏နာရေးကိုရောက်လာသူများပြားလှသည်။

အများအပြားသည် ခေတ်သစ်စ၏ဘေးသို့လာရောက်ကာ ထပ်တူထပ်မျှဝမ်းနည်းပူဆွေးရကြောင်း နှစ်သိမ့်ပေးကြပါသည်။

ခေတ်၏အနားတွင် တစ်လျှောက်လုံးရှိနေသူမှာ မှိုင်းဝေ နှင့် သက်ထူးပင်ဖြစ်သည်။

ကိုကို၏ရုပ်အလောင်းမီးမသဂြိုလ်ခင်မှာ ကိုကို၏နောက်ဆုံးသေတမ်းစာကိုဖတ်ပြမည့် ကိုကို၏ရှေ့နေသည် အားလုံးအရှေ့၌ရပ်နေလေသည်။

"အားလုံးပဲနားထောင်ပေးပါခင်ဗျာ"

ဆူညံနေသောလူအများသည် ရှေ့နေ၏အသံကြောင့်ငြိမ်သက်သွားရသည်။

"ကျွန်တော် အခုဖတ်ပြပေးမည့်စာသည် ဗိုလ်မှုးကောင်းခြင်းတည် ကိုယ်တိုင် ရှေ့တန်းသို့မသွားခင် လာရောက်ပေးထားခဲ့သော သေတမ်းစာဖြစ်ပါသည်။"

ရှေ့နေ၏စကားဆုံးသည်နှင့် လူအများ၏အာရုံများသည် ရှေ့နေကြီးထံတွင်သာစုပြုံသွားကြသည်။

{ ကျွန်တော် ဗိုလ်မှုးကောင်းခြင်းတည်၏ နောက်ဆုံးသေတမ်းစာတည်း။ ကျွန်တော် အသက်သေဆုံးသွားခဲ့လျှင် ကျွန်တော်၏ပိုင်ဆိုင်မှုတစ်ဝက်ကို ကျွန်တော်၏အိမ်သား ခေတ်သစ်စအားတစ်ဝက်ခွဲဝေ၍ ကျန်တစ်ဝက်ကို ကျွန်တော်၏ညီလေး မှိုင်းညို့ဝေအား တစ်ဝက်ခွဲဝေပေးပါ။ }

သေတမ်းစာမဆုံးခင်မှာ လူတစ်ချို့သည်စကားသံများထွက်လာလေသည်။

ထိုလူတွေကဲ့သို့ပင် မှိုင်းဝေ၏စိတ်ထဲ၌လည်း မေးချင်သည့်မေးခွန်းတွေအများအပြားပင်။

You've reached the end of published parts.

⏰ Last updated: Jul 23, 2023 ⏰

Add this story to your Library to get notified about new parts!

မှိုင်းဝေချစ်သောခေတ်သစ်စWhere stories live. Discover now