အပိုင်း(၁၀)

200 27 5
                                    

Unicode

မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၁၀)

ရုတ်တရပ် အုံ့မှိုင်းလာသောရာသီဥတုသည် ကောင်းကင်အောက်တွင်ရပ်နေသောလူနှစ်ယောက်၏စိတ်အခြေအနေသကဲ့သို့ပင်။

ကောင်းကင်တွင်မိုးသားတိမ်လိပ်တို့ဖြင့်မည်းမှောင်ကာနေလေပြီ။လေပြင်းကလည်းတစ်ချက်တစ်ချက်တိုက်ခတ်နေသည်။ကောင်းကင်ကမှိုင်းညို့နေကာ လေထုထဲတွင် မိုးသားအငွေ့အသက်တို့ပြည့်လျှံနေသည်။များမကြာမှီမှာ မိုးသည် သည်းကြီးမည်းကြီးရွာချတော့မည်ဖြစ်ကြောင်းပြနေသည်။

သို့သော် ရပ်နေသောသူနှစ်ယောက်လုံးသည် ပြန်ကြမည်ဟု တစ်ယောက်မှမဟသေးသလို ပြောနေသောအကြောင်းအရာတစ်ခုကိုသာဆက်ကာပြောနေကြသည်။

"ကောင်းပြီ မင်းဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမယ်။
သို့ပေမယ့် ဒီတစ်ခါရှေ့တန်းကိုထွက်ရာမှာ မင့်လိုက်ခဲ့ရမယ်။သည်တစ်ခါ ရှေ့တန်းကပြန်ရောက်လာလျှင်  ကိုယ် ကိုယ်တိုင် မင်းကို ပြောင်းရွှေ့တောင်းခံလွှာထုတ်ပေးမယ် ၊ "

"ကျွန်တော် ..."

"ဒါအမိန့်ပဲ မှိုင်းညို့ဝေ ၊ မင်း ဒီတစ်ခေါက်ထွက်မယ့်ရှေ့တန်းက **တပ်ရင်းနဲ့အတူလိုက်ခဲ့ရမယ်။"

"ဟုတ်ကဲ့ပါဗိုလ်မှုး အလေးပြုပါတယ်။"

ကောင်းခြင်းတည်သည် မှိုင်းဝေကိုတစ်ချက်မျှပြန်မကြည့်ပဲ မှိုင်းဝေယူလာခဲ့သောကားကိုယူမောင်းကာ ထွက်သွားလေသည်။

ကောင်းခြင်းတည် တပ်ရင်းသို့ပြန်ရောက်သောအခါ

ခေတ်သစ်စသည် အိမ်ရှေ့၌ထွက်စောင့်နေသည်။
အပင်စိုက်ကူသောတပ်သားလေးများသည်လည်း အပင်စိုက်ပြီး၍ပြန်သွားကြချေပြီ။မှိုင်းနှင့်ကိုကိုတို့ကြာနေသည်ကြောင့် ခေတ်စိတ်ပူကာ ထွက်စောင့်နေရခြင်းပင်။

ခေတ်ရပ်စောင့်နေသောအရှေ့သို့ မှိုင်းယူသွားသောကားလေးစိုက်ရောက်လာသည်။သို့သော် ကားပေါ်မှဆငမးလာသောသူထဲတွင်မှိုင်းမပါချေ။ကောင်းခြင်းတည်တစ်ယောက်တည်းပင်။

"ကိုကို မှိုင်း မှိုင်းရော...."

ကောင်းခြင်းတည်ပြန်မဖြေပဲ ခေတ်ကိုရှောင်ကာ အိမ်အထဲသို့ဝင်သွားချေသည်။ခေတ်သည် မရမကလိုက်၍မေးလေသည်။

မှိုင်းဝေချစ်သောခေတ်သစ်စWhere stories live. Discover now