မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၁၁)
ကောင်းခြင်းတည် သူ၏သူငယ်ချင်းရှေ့နေ၏အိမ်ကိုရောက်သောအခါ
"ကိုယ့်လူ လာကွာ ထိုင်"
ကောင်းခြင်တည်သူငယ်ချင်းရှေ့နေ မောင်ထွေးသည် သူ၏ဧည့်ခန်း၌ကောင်းခြင်းတည်ကိုထိုင်ခိုင်းသည်။
"ဆိုစမ်းပါအုန်းကွ ၊ဆိုင်းမဆင့်ဘုံမဆင့်ကောက်ခါငင်ခါကြီးရောက်လာရတဲ့အကြောင်းအရင်းကဘာများတုန်း"
"အကြောင်းဆို ပြောစရာရှိသပ့ကွာ"
"ဆိုစမ်းကွာ"
"နောင် ၉ရက်လောက်ဆို ငါတို့ရှေ့တန်းထွက်ရတော့မယ်"
"ဗိုလ်မှုးတွေရောလား"
"အေးကွ ၊ ဒီတစ်ခေါက်နယ်မြေကြမ်းတာကြောင့်..."
ရှေ့နေမောင်ထွေးချပေးထားသော ရေနွေးကြမ်းကိုငှဲ့ကာ မော့သောက်လိုက်သည်။
"ဒါဖြင့် ဘာတုန်းကွ"
"ငါတစ်ခုခုများဖြစ်သွားခဲ့ရင်..."
"ဖွဖွ လွဲပါစေချော်ပါစေကွာ၊ကောင်းခြင်းတည် မင်းပါးစပ်ကပေါက်ကရလေးဆယ်တွေမထွက်စမ်းနဲ့"
ကောင်းခြင်းတည်သူငယ်ချင်းရှေ့နေမောင်ထွေးသည် ဒေါသတကြီးဆိုလေသည်။
"ကံကြမ္မာဆိုတာ ယုံလိုမရဘူးလေကွာ ၊ မင်းလုပ်ပေးမှာလား မလုပ်ပေးဘူးလား"
"မလုပ်ပေးနိုင်ဘူးကွာ ၊သွား သွား ပြန်"
"ရတယ် ၊ မင်းမလုပ်ပေးလည်း အခြားသူဆီသွားလုပ်မယ် ၊ ငါက ငါ့သူငယ်ချင်းနဲ့တစ်ခွက်တစ်ဖလားလည်းသောက်ရအောင်ဆိုပြီး ညပါအိပ်မလို့ကို"
"ဟုတ်ရဲ့လားကွ"
"ဒီမယ် ငါ့ရဲ့အဝတ်အိတ်"
ရှေ့နေမောင်ထွေးဟမျက်နှာသည်အင်တင်တင်ဖြစ်နေသည်။
"ငါကတိပေးပါတယ်ကွာ ၊ ငါ့ကိုယ်ငါမထိခိုက်စေရပါဘူး၊အခုဟာကလည်း ငါကတစ်ကိုယ်တည်းသမားမဟုတ်တော့ တစ်ခုခုဆို သိတယ်မလား မောင်ထွေးရာ"
"အေးပါ အေးပါ"
"ဟားဟား ဒီလိုမှပေါ့ ကိုယ့်လူရ ၊ လာကွာ သောက်ရအောင် မင့်အိမ်က ပုလင်းတွေထုတ်ခဲ့လိုက်တော့"
YOU ARE READING
မှိုင်းဝေချစ်သောခေတ်သစ်စ
Short Storyမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။