Unicode
မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၇)
ထန်းတောထဲတွင် မှိုင်းဝေရောက်နေသည်ဆိုသောသတင်းကြောင့် ကောင်းခြင်းတည်ချက်ခြင်းပင်ထန်းတောထဲသို့လိုက်သွားရန်ပြင်တော့သည်။
"ကိုကို ရေးကြီးသုတ်ပြာနဲ့ဘာဖြစ်လို့လဲ"
"ကိုယ်ကိစ္စလေးရှိလို့ပါ"
"ဟုတ်ကဲ့"
ကောင်းခြင်းတည် ခေတ်ကိုပြောပြီးသည်နှင့် လာခေါ်သောတပ်သားလေးနှင့်အတူ ထန်းတောသို့အမြန်ပင်သွားရသည်။
ဒီကောင်လေးဘာတွေလျှောက်လုပ်နေတာလဲ
တစ်ကြိမ်တစ်ခါမျှမသောက်စားဖူးလေပဲ အခု ထန်းတောထဲရောက်နေလေတော့ တကယ် အဆူခံချင်နေပြီ မှိုင်းညို့ဝေတို့တော့ခြေလှမ်းကျဲကြီးများဖြင့်လှမ်းကာ ထန်းတောထဲသို့ရောက်ရန်အမြန်သွားနေသည်။
ကောင်းခြင်းတည်ထန်းတောထဲသို့ရောက်သောအခါ
တွေ့လိုက်ရပါပြီ စားပွဲပေါ်ကိုခေါင်းတင်၍အိပ်ပျော်နေသော မှိုင်းညို့ဝေကို"မှိုင်းညို့ဝေ !"
"ဗိုလ်မှုး !"
မူးသာမူးနေပေမယ့် နာလည်သည်သလားမပြောတက်ပေ။အသံမာမာနှင့်ခေါ်လိုက်တော့ ချက်ချင်းခေါင်းထောင်ကာ အလေးပြုလေသည်။
သို့သော် အလေးပြုသည့်ဘက်မှားနေသည်ကိုမမြင်ချင်ယောင်ဆောင်ထားရသည်။
"တာဝန်ချိန်ကိုပျက်ကွက်ပြီး ထန်းတောထဲလာသောက်နေကသလား"
"တောင်းပန်ပါတယ်ဗိုလ်မှုး"
ကောင်းခြင်းတည်ဘက်မဟုတ်သော တစ်ခြားဘက်ကိုအလေးပြုလျက်သာ ပြောနေလေတော့ ကောင်းခြင်းတည် နှင့်အတူ ပါလာသောတပ်သားလေးထံမှ ရယ်သံထွက်လာသည်။
"အခု လိုကိလာခဲ့ မှိုင်းညို့ဝေ!"
"ဟုတ်ကဲ့ဗိုလ်မှုး"
ဟုတ်ကဲ့ ဟုသာပြောသော်လည်း ခေါင်းသည် တဖြည်းဖြည်းနှင့်အောက်ကခုံကိုရိုက်ချေတော့မယ်။
"ကိုင်း တပ်သားဝေယံ"
"ဟုတ်ကဲ့ဗိုလ်မှုး"
YOU ARE READING
မှိုင်းဝေချစ်သောခေတ်သစ်စ
Short Storyမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။