Unicode
မှိုင်းဝေချစ်သောခေတ်သစ် အပိုင်း(၄)
နောက်တစ်နေ့မနက်ရောက်တော့ မှိုင်းညို့ဝေတစ်ယောက် ဗိုလ်မှုးကောင်းခြင်းတည်၏အိမ်သားလေးသည် ဘယ်လောက်ချောကြောင်း၊ဘယ်လောက်သဘောထားကောင်းကြောင်းတွေကိုကြားနေရတာကြောင့် ဗိုလ်မှုး၏အိမ်သားလေးကိုမြင်ရရန်အလို့့ငှာ ဗိုလ်မှုးအိမ်သို့ ထွက်လာခဲ့သည်။
ပြောမယ့်သာပြောရသည် ဗိုလ်မှုးအိမ်သား ဘယ်လောက်ချောချော ဘယ်လောက်ချစ်ဖို့ကောင်းကောင်း ခေတ်၏အလှကိုမှီမည်မထင်ပေါင်။
ခေတ်သည်သာ အလှဆုံး၊ ခေတ်သည်သာ ကမ္ဘာ ခေတ်သည်သာမောင့်ရဲ့မြတ်နိုးရာဗိုလ်မှုးရဲ့အိမ်သားဆိုလို့ အခုမှသတိထားမိလေတယ်။ဟိုတစ်နေ့က ယောင်္ကျားလိုက်တောင်းခိုင်းတာ ဘယ်လိုမှမနေတာ ဗိုလ်မှုးက ယောင်္ကျားလေးကိုယူထားလို့ကို...လျှိုထားတာမကျေနပ်ပေါင်။
မှိုင်းဝေတို့လူပျိုဆောင်နဲ့အိမ်တောင်သည်တွေနေရာသည် အနည်းငယ်လှမ်းသောကြောင့် ၁၀မိနစ်မျှလမ်းလျှောက်ရသည်ည်။
ဒေါက် ဒေါက်
ကောင်းခြင်းတည်၏အိမ်တံခါးကိုခေါက်ကာ လှမ်းခေါ်လိုက်သည်။
"မှိုင်းဝေ !"
ဗိုလ်မှုးကောင်းခြင်းတည် အိမ်တံခါးလာဖွင့်ပေးသောအခါ မှိုင်းဝေကိုတွေ့သည်နှင့် သရဲသပတ်က်ုတွေ့သည့်အလား ထိပ်လန့်သွားသည်။
"ဗိုလ်မှုးရဲ့အိမ်သားလေးကိုလာကြည့်ရင်း လာလည်တာဗျ"
ကောင်းခြင်းတည်ကြည့်လိုက်တော့ မှိုင်းဝေတစ်ယောက်ထဲမဟုတ်ပဲ မှိုင်းဝေဦးဆောင်သော တပ်သားအနည်းငယ်ပါ ပါလာသည်။
"အေး တက်လေ"
ကောင်းခြင်းတည်သည် အားလုံးကိုခေါ်လိုက်ပါသောလည်း မှိုင်းဝေမှလွဲ၍အားလုံးသည် ပြာပြာသလဲငြင်းကြသည်။
"တော်ပြီ ဗိုလ်မှုး ကျွန်တော်တို့အောက်မှာပဲနေခဲ့ပါရစေ"
"အေးအေး မင်းတို့သဘော"
ကောင်းခြင်းတည်သည် မှိုင်းဝေကိုခေါ်ပြီး ဧည့်ခန်းထဲသို့ဝင်သွားသည်။
YOU ARE READING
မှိုင်းဝေချစ်သောခေတ်သစ်စ
Short Storyမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။