အပိုင်း(၈)

219 33 12
                                    

Unicode

မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၈)

ကောင်းခြင်းတည် မြို့ပေါ်သို့တက်သွားသည်မှာ၂ရက်ခန့်ကြာနေလေပြီ။၃ရက်မြောက်နေ့မှာ ကောင်းခြင်းတည်ထံမှစာရောက်လာသည်။

သို့ ခေတ်လေး/
ကိုယ်အထက်ကခိုင်းတာတွေလုပ်စရာလေးရှိနေတာကြောင့် နောက်၂ရက်လောက်ထပ်နေရမယ် ၊ တစ်ယောက်တည်းနေလို့ဖြစ်ကဲ့လား ခေတ်လေး ၂ရက်လောက်ပဲသည်းခံပေးပါ။ကိုယ်အလုပ်ကိစ္စတွေကိုအမြန်ဆုံးရှင်းပြီးပြန်လာပါ့မယ်။
ခေတ်ကိုအဖော်လုပ်ပေးဖို့ တပ်သားလေးတွေကိုမှာထားပါတယ်။ကိုယ်ပြန်လာတဲ့အခါ ခေတ်စိုက်ထားတဲ့ပန်းလေးတွေမြင်ချင်စမ်းပါရဲ့ကွာ ၊ ခေတ်စိုက်ပျိုးတဲ့အခါကူညီပေးဖို့ ကိုယ်တပ်သားလေးတွေကိုပြောထားတယ် ၊တပ်သားတွေကူပေးပါလိမ့်မယ် ခေတ်လေး

-------
စာသည် ထိုနေရာတွင်ပြီးဆုံးသွားခဲ့သည်။စာအရဆို ကိုကိုသည် နောက်နှစ်ရက်လောက်ပြန်မလာပေဘူးပေါ့ ၊ ကိုကိုပြောထားသည့်အတိုင်းပျင်းသည့်အခါ ပန်းပျိုးရန်စဉ်းစားလိုက်သည်။

ကိုကို၏စာကိုဖွင့်ဖတ်ပြီး နေ့လည်နေ့ခင်းမှာ ခေတ်သစ်စတစ်ရေး‌တမောအိပ်လိုက်ကာ ညနေခင်းရောက်သည့်အခါမှ နိုးလာလေတော့သည်။ခေတ်သစ်စနိုးလာသည့်အခါ အိမ်အရှေ့၏မြေကွက်လပ်၌ တပ်သားလေး၅ယောက်လောက်ရောက်နေလေသည်။အပင်ပျိုးရန်လာသည်ဖြစ်သောကြောင့် ခေတ် ရေချိုးကာ ထိုနေရာသို့လှမ်းလာခဲ့သည်။

"ဗျို့ ဗိုလ်မှုးရဲ့အိမ်သားလေး နိုးပြီလားဗျ"

"ဟုတ်ကဲ့ ၊ အပင်ပျိုးဖို့လာကြတာလား"

"ဟုတ်သဗျာ့ ၊ မျိုးစေ့ထုပ်အသစ်တွေလည်းပါ ပါ့ဗျာ ၊ "

ခေတ်သည် အနီးတဝိုက်၌မျက်လုံးကိုအလုပ်ပေးကိုလှည့်ကြည့်လေတော့ မျိုးစေ့ထုပ်နှင့်တူသည့်အရာတစ်ခုကိုမှမတွေ့ပေ။ထိုအရာကိုရိပ်မိသွားသောတပ်သားလေးသည်

"အဟား ‌မျိုးစေ့ထုပ်က ကိုမှိုင်းဝေသယ်ခဲ့ပါတယ်ဗျာ၊ကိုင်း ပြောရင်းဖြင့် ကိုမှိုင်းဝေရောက်လာချေပြီ ၊ "

ခြံဝန်းအပေါက်ဝကနေ၍ မျိုးစေ့ထုပ်အများအပြားကိုလက်ကဆွဲကာ ခြံထဲသို့မှိုင်းဝေဝင်လာလေသည်။မှိုင်းဝေသည် ဗှိုလ်မှုးမဟုတ်သော်ငြား ‌ဗိုလ်မှုးနီးပါးအရှိနိအဝါရှိသောလူငယ်ဖြစ်သည်။မှိုင်းဝေဝင်လာသောအခါ တပ်သားအားလုံးသည်မှိုင်းဝေကိုအလေးပြုကြသည်။

မှိုင်းဝေချစ်သောခေတ်သစ်စKde žijí příběhy. Začni objevovat