မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၁၂)
ရှေ့တန်းထွက်ရမည့်ရက်သို့ရောက်ရှိလာလေပြီ။
ရှေ့တန်းသို့မထွက်မှီမှာ ဗိုလ်မှုး ၊ တပ်ကြပ်တို့၏မိန့်ခွန်းကိုနာကြားရပါသည်။"ဒီတစ်ခေါက် ဗိုလ်မှုးကောင်းခြင်းတည်ပါ လိုက်ပါမည်ဖြစ်တာကြောင့် သေချာဂရုစိုက်ဖို့မှာကြားချင်ပါတယ်။နယ်မြေက အရင်ကဟာတွေထက်များစွာပို၍ကြမ်းတာကြောင့် နေသတိ စားသတိ နဲ့နေပါ၊ သတိတစ်ချက်ကလေးမှလွတ်လို့မဖြစ်တာကိုသိထားကြပါ ဒါပါပဲ "
တပ်သားလေးများသည် တပ်ကြပ်ကြီးကိုအလေးပြုကာ ရှေ့တန်းထွက်ရန်ပြင်ကြလေသည်။ထွက်ခွာရမည့်နယ်မြေသည်ဝေးလွန်းလှတာကြောင့် လမ်းခရီး၌ တစ်ထောင့်နားပြီးမှသာလျှင်ခရီးဆက်နိုင်ပေမည်။
ဗိုလ်မှုးကောင်းခြင်းတည်နှင့်မှိုင်းဝေရယ် အထူးလေ့ကျင့်ထားသောတပ်သား၉ယောက်ရယ်သည် ကားတစ်စီး ၊ ကျန်သောတပ်သားလေးများသည် ကားနှစ်စီး အားလုံးပေါင်း ကား၃စီးဖြင့်စတင်ထွက်ခွာကြလေသည်။
နယ်မြေကကြမ်းသည့်အပြင် ထိုနေရာကိုရောက်ရန် ၃ရက်လောက်ခရီးနှင်ရလေသည်။ဗိုလ်မှုးကောင်းခြင်းတည်တို့နှင့်တပ်သားများသည် မရပ်မနားပဲခရီးနှင်လာသည်မှာ ၂ရက်ခန့်ရှိပြီဖြစ်သည်။နွေရာသီဖြစ်သည့်အလျှောက် နေ၏အပူရှိန်သည်အလွန်ပင်ပြင်းထန်လွန်းလှသည်။
ဘယ်လောက်ပဲလေ့ကျင့်ထားသည့်အထူးတပ်သားများပင်ဖြစ်နေပါစေ ၂ရက်ခန့်မရပ်မနားခရီးနှင်ထားရသည့်အတွက်ည့်အတွက် အလွန်ပင်ပန်းနေကြလေပြီ။သွားရသည်ည်မှာ တောလမ်းဖြစ်တာကြောင့်သာ၍ဆိုးလေသည်။ထို့ကြောင့်
"နောက်နေ့နေထွက်ရင် ချုးစပ်ကိုရောက်လိမ့်မယ်။
တပ်သားတွေလည်းအရမ်းပင်ပန်းနေပြီ ၊
ဆိုတော့က ရှေ့နားမှာ ငါတို့ခရီးတစ်ထောင့်နားပြီးတစ်ညအိပ်ကြတာပေါ့"ဗိုလ်မှုးကထိုသို့ပြောတာကြောင့်ဘတပ်သားများသည် တောရှင်းသောနေရာ၌ရွေးကာနားရန်ပြင်ဆင်ကြသည်။
"ဗိုလ်မှုး အလေးပြုပါတယ်။"
"သက်သာ"
"တဲထိုးပြီးပါပြီဗိုလ်မှုး ၊ အနားယူလို့ရပါပြီ။"
YOU ARE READING
မှိုင်းဝေချစ်သောခေတ်သစ်စ
Short Storyမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။