မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၁၃)
ထိုခေတ်အခါတုန်းက သေနတ်ဆိုသည် ဗိုလ်မှုးအဆင့်တွေလောက်သာကိုင်နိုင်သေးသောအရာတစ်ခုဖြစ်သည်။တပ်သားများသည် ဓားများနှင့်မြှားတို့ကိုသာအသုံးပြုကြသည်။
သို့သော် မှိုင်းညို့ဝေထံတွင်တော့ သေနတ်ရှိလေသည်။ဗိုလ်မှုးသည် တိုက်ပွဲအတွင်းသို့ပြေးဝင်သွားငည်ကြောင့် သူ့၏အရှေ့မှလုပ်ကြံသည့်လူနှစ်ယောက်ကိုသေနတ်ဖြင့်ပစ်ကာ ကောင်းခြင်းတည်နောက်သို့လိုက်လေသည်။
လုပ်ကြံသူများသည် လူအင်းအားတောင့်တင်းတာကြောင့် တဖြည်းဖြည်းနှင့်မှိုင်းဝေတို့အရေးနိမ့်လာလေသည်။ထိုစဉ် မှိုင်းဝေ၏အရှေ့သို့ လူ၅ယောက်ပြိုင်ဝင်လာကာ အနောက်တွက်လူနှစ်ယောက်သည် မှိုင်းဝေကိုချုပ်လိုက်သည်။မှိုင်းဝေ၏လက်ထဲ၌သေနတ်သည်အောက်သို့ပြုတ်ကျသွားသည်။
"လက်နက်ချလိုက်တော့ !"
ထိုအသံကြောင့် တိုက်ခိုက်နေသောသူများအားလုံးသည်အသံရှိရာသို့လှည့်ကြည့်လိုက်ကြသည်။
"မှိုင်းဝေ !"
"မှိုင်းညို့ဝေ !"
အားလုံးသည်တိုက်ခိုက်သည်များကိုရပ်ပစ်လိုက်ကြသည်။အဘယ်ကြောင့်ဆိုသော် လုပ်ကြံသူခေါင်းဆောင်၏လက်ထဲ၌ မှိုင်းဝေရောက်ရှိနေခြင်းကြောင့်ပင်။ ထိုလုပ်ကြံသူခေါင်းဆောင်သည် မှိုင်းဝေ၏ နားထင်ကိုသေနတ်ဖြင့်တေ့ထားကာ သူ၏အရှေ့တွင်ဒူးထောက်ခိုင်းထားလေသည်။
ဗိုလ်မှုးကောင်းခြင်းတည်သည် သူ၏အရှေ့၌လုပ်ကြံသူကို သေနတ်ဖြင့်ပစ်ခဲ့ကာ မှိုင်းဝေ၏အရှေ့သို့ပြေးလာလေသည်။
"မင်း ဘာလိုချင်တာလဲ လင်းအံ့ဘုန်းမြတ်!"
"ဟားဟား ကောင်းခြင်းတည် ကောင်းခြင်းတည် ၊
ဒါကဘာမဟုတ်တဲ့တပ်သားလေးပါကွာ ဘာလို့အဲ့လောက်တုန်လှုပ်နေရသတုန်းကွ ဟားဟား "ထိုလူကြီးလင်းအံ့ဘုန်းမြတ်သည် ကောင်းခြင်းတည်ကိုပြောကာ တစ်တောလုံးလွှမ်းသွားနိုင်သည်အသံမျိုးဖြင့်ရယ်လေသည်။
YOU ARE READING
မှိုင်းဝေချစ်သောခေတ်သစ်စ
Short Storyမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။