အပိုင်း(၅)

315 26 0
                                    

Unicode

မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၅)

တစ်ခုသောညနေခင်းဝယ် ညီအစ်ကိုမသိတသိအချိန်၌ မှိုင်းဝေသည် သူပိုင်ဆိုင်သောအခန်းကျဉ်းလေးထဲ၌ရှိသော အိပ်ယာပေါ်၌လှဲကာနေသည်။သူ၏မျက်ဝန်းအစုံကိုမှတ်ထားသော်ငြား သူ၏အာရုံထဲတွင်ပေါ်လာသောပုံရိပ်များမှာ သိပ်ကိုနာကျင်ခံစားရလေသည်။

ခေတ်၏ပုံရိပ်သည် မှိုင်းဝေ၏အတွေးထဲ၌လုံးဝထုတ်ပစ်၍မရချေ။အခုဆို ခေတ်ဟာ တစ်ပါးသူ၏သက်ဆိုင်သူဖြစ်လေချေပြီ။ မှိုင်းဝေမှာ မျှော်လင့်ခွင့်တောင်မရတော့သည့်ဘဝအခြေသို့ရောက်နေလေပြီ။

"ဗျို့ ကိုမှိုင်းဝေ အထဲမှာရှိသလားဗျ"

မှိုင်းဝေ အိပ်ရာမှအမြန်ထကာ အခန်းရှေ့၌အော်ခေါ်နေသောတပ်သားလေးကိုတံခါးသွားဖွင့်ပေးလိုက်သည်။

"ကိုင်း ဘာအကြောင်းရှိသတုန်း"

"ဟာ ကိုမှိုင်းဝေရာ ၊ ဗှိုလ်မှုးတို့ဆီပြန်လာကတည်းက အခန်းထဲဝင်အောင်းနေတာ တစ်နေကုန်လို့ထွက်မလာဘူး ၊ လာပါဗျာ လူပျိုလေးပီပီသသ ဂီတာတီးပြီးသီချင်းဆိုရအောင် လာခေါ်တာဗျား"

"ကိုယ်စိတ်မပါဘူး မင်းတို့ပဲပျော်ကြပါကွာ"

"ကိုမှိုင်းဝေက ဗိုလ်မှုးလိုအိမ်သားမျိုးလိုချင်နေသလား"

"အို ပေါက်ပေါက်ရှာရှာကွာ "

"လာပါဗျာ သီချင်းဆိုရအောင်လိုက်ခဲ့ပါ"

"ပြီးရောကွာ ပြီးရော ခဏစောင့် ဟုတ်ပလား"

"ဟုတ်ကဲ့ပါဗျ"

ထိုတပ်သားလေးသည် သစ်ပင်အကွယ်၌ရပ်စောင့်နေသော တပ်သားတစ်စုကိုလက်မလှည့်ကာထောင်ပြလိုက်သည်။မှိုင်းဝေကို အားလုံးကခင်ကြသော်ငြား ချစ်ကြောက်ရိုသေကြသည်။ကိုမှိုင်းဝေသည် သူတို့တပ်ဖွဲ့၏ခေါင်းဆောင်ဖြစ်သည့်အလျောက် ရင့်ကျက်သည်။အစ်ကိုတစ်ယောက်လို ဆုံးမသည်။
တိုက်ပွဲ၌လည်း သူကသာအနာခံပါသည်။အကိုမှိုင်းဝေနှင့်သာဆို ရှေ့တန်းလည်းမကြောက်မရွံထွက်ရဲပါလေသည်။

တပ်သားလေးတွေလာခေါ်တာကြောင့် မှိုင်းဝေကိုယ်တိုင်လည်း စိတ်ပြေလက်ပျောက်ဖြစ်လေအောင် အဆောင်ရှေ့၌ဂစ်တာဆီးရန်လိုက်သွားလိုက်သည်။အဆောင်ကား မှိုင်းဝေတို့၏လူပျိုဆောင်အရှေ့ကိုပြောလေခြင်းပင်။

မှိုင်းဝေချစ်သောခေတ်သစ်စWhere stories live. Discover now