Unicode
မှိုင်းဝေချစ်သောခေတ်သစ်စ အပိုင်း(၃)
ခေတ်သစ်စနှင့်ကောင်းခြင်းတည်တို့တပ်ရင်းသို့ရောက်ပြီးတစ်လအကြာမှာ ရှေ့တန်းကိုထွက်သွားသော တပ်သားများပြန်လာလေပြီ။
ထိုတပ်သားများကိုကြိုဆိုရန် ဗိုလ်မှုးကောင်းခြင်းတည်က တာဝန်ယူရသည်။
ရှေ့တန်းမှပြန်လာသောတပ်သားများကိုကြိုဆိုရန် ဗှိုလ်မှုးများ၏ အိမ်သူ၊အိမ်သား တွေကပါ ကြိုဆိုရပါသည်။သို့သော် ထိုနေ့က ခေတ်သစ်စနေမကောင်းတာကြောင့် ခေတ်သစ်စထွက်မကြိုလိုက်ရပေ။
"ဗှိုလ်မှုး အလေးပြုပါတယ်။"
ရှေ့တန်းမှပြန်လာသောတပ်သားများထဲမှ တပ်သားခေါင်းဆောင်က ကောင်းခြင်းတည်ကိုအလေးပြုလေသည်။
"သက်သာ !"
ကောင်းခြင်းတည် ပြောလိုက်မှ အလေးပြုထားသည်များဖြုတ်ကာ
"ကိုကောင်း အဆင်ပြေတယ်မလား"
"ဟားဟား မှိုင်းဝေ အဲ့တာမင်းကိုမေးရမှာကွ ၊
အဆင်ပြေခဲ့ရဲ့လား""ပြေပါတယ်ဗျ ၊ နောက်ရက်တွေနားရက်ရမယ်မလား"
"ဒါပေါ့ကွ ၊ မင်းက ဘာတွေအဲ့လောက်တက်ကြွနေရသလဲ"
"အဟင်း ကိုကောင်းကလည်း ညမှတွေ့ပြီးပြောကြမယ်လေ"
"အေးပါကွာ သွားသွား သွားနားတော့"
"ဟုတ်ကဲ့ ၊ ဗိုလ်မှုးကိုအလေးပြု"
အလေးပြုပြီးတာနှင့် မှိုင်းဝေဦးဆောင်သောတပ်သားအဖွဲ့သည် သူတို့၏နားနေဆောင်ဆီသို့ပြန်သွားကြသည်။မှိုင်းဝေနားနေဆောင်အရောက်ာက်မှာ
"ကိုမှိုင်းဝေ"
"ဟေ"
"ကိုမှိုင်းဝေက တစ်ခန်းသီးသန့်ရပြီဗျ"
"ဟ ဘာဖြစ်လို့လဲကွ"
"ဗိုလ်မှုးက လူပျိုဆောင်မှာမနေတော့ဘူးဗျ
သူအိမ်ထောင်ကျသွားလို့ ""ဟေ တကယ်လား ၊ ဟားဟား ဗိုလ်မှုးက တကယ်ကိုသွက်တာပဲ ၊ အေးပါ အဲ့ဒါဆို ငါဟိုဘက်အခန်းမှာသွားနေလိုက်မယ်။"
YOU ARE READING
မှိုင်းဝေချစ်သောခေတ်သစ်စ
Short Storyမှိုင်းညို့ဝေ & ခေတ်သစ်စ 1970 ဝန်းကျင်ပုံစံလေးလာမှာပါ။