☘︎ (1)

958 51 2
                                    

Unicord
~

SooJun ကို Historical type လေးနဲ့ရေးကြည့်ချင်လို့။
စိတ်ကူးယဉ်ပြီး ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ခုပါ ။
အလွမ်းအဆွေးကိုအခြေခံပြီး ရေးမှာမလို့အရေးအသားကတော့ soft ဖြစ်မှာပါ။







***



8ရာစုနှစ်‌ေနှာင်းပိုင်းခန့်က ပါးစပ်ရာဇဝင်အဖြစ်ထင်ရှားတဲ့ လူသားနှင့် အသွေးအသားမတူတဲ့ဂူမီဟိုမြေခွေးလူသားတို့ကြား ဝမ်းနည်းကြေကွဲလွမ်း‌ေဆွးဖွယ် အချစ်ဇာတ်လမ်းတစ်ပုဒ်ရှိခဲ့သည်။

ထိုခေတ်အခါလူအများက ထိုသူနှစ်ဦးကို နတ်ဘုရားအဖြစ်လည်း ရုပ်ထုများထားပြီးကိုးကွယ်ကြသည်။ချစ်သူများသွားရောက်ဆုတောင်းပါက တစ်သက်လုံးမခွဲဘဲ ပေါင်းဖက်ရတတ်သည်ဟု ယုံကြည်ကြသည်။
လယ်ယာလုပ်ငန်းလုပ်ကိုင်ကြတဲ့ တောင်သူဦးကြီးများကတော့ မိုးလေဝသကိုစောင့်ရှောက်ပေးရန် လာရောက်ဆုတောင်းတတ်ကြသည်။

ဂူမီဟိုမြေခွေးလူသားများသည် အပြာရောင်သွေးရှိပြီး အပြာ‌ေရာင်မျက်လုံးကိုပိုင်ဆိုင်ထားသည်။ မှော်အတတ်ကိုသင်ယူစရာမလိုပဲ မေွးရာပါတတ်မြှောက်ကြသည်။လူသားသွင်ပြင်လက္ခဏာမျိုးအဖြစ်လည်းနေထိုင်နိုင်သလို အန္တာရာယ်တစ်စုံတစ်ရာကြုံတွေ့ပါက ချွန်ထက်သောလက်သည်းများပေါ်ထွက်လာပြီး တိုက်ခိုက်တတ်ကြသည်။လူ‌ေယာင်အသွင်နှင့်‌ေန‌သော်လည်း လပြည့်ညမှာ အမြီးကိုးချောင်းကို ကလေးသူငယ်များ၊ သူတော်စင်များက မြင်တွေ့နိုင်သည်။

ဂူမီဟိုများသည် သစ္စာရှိကြသည်၊ ကတိတည်ကြသည်။ သူတို့ကိုကယ်တင်ကူညီပေးလျှင် ကျေးဇူးကျွေးကို ပြန်ဆပ်ကြသည်။ ထိုသည်ကိုလူသားများကအခွင့်ကောင်းယူ၍ ကျေးဇူးဟူသောစကားအား လက်တစ်လုံးကြား အသုံးချကာ ဂူမီဟိုများကို အမြတ်ထုတ်အနိုင်ကျင့်ကြသည်။

ဂူမီဟိုမြေခွေးများသည့် ညို့ဓာတ်ရှိသည်။ သူတို့ချစ်မြတ်နိုးတဲ့လူသားအား ချစ်ကြိုက်လာအောင် ညို့ယူဖန်တီးကြသည်။ချစ်ကြိုးသွယ်မိသည့်လူသားနှင့် ရက်‌ေပါင်း1000အတူနေပါက လူသားအဖြစ်အသွင်ပြောင်းသွားပြီ ချစ်သူရဲ့ဘဝတစ်ခြမ်းဖြစ်သွားသည်။ ချစ်သူရဲ့ ပျော်ရွှင်ခြင်း ၊ဝမ်းနည်းခြင်း၊ ကျန်းမာခြင်း၊ နာဖျားခြင်း၊ချမ်းသာခြင်း၊ဆင်းရဲခြင်းအားလံုးနှင့်တိုက်ရိုက်အကျိုးသက်‌ေရာက်သွားသည်။ချချစ်သူသေဆုံးပါက ကိုယ်လည်းသေဆုံးသွားသည်။သက်တမ်းပါ ချစ်သူနှင့်တစ်သားတည်းဖြစ်သွားသည်။

a LOVE that comes once in a LIFETIME [Completed] Where stories live. Discover now