Unicord
~လူကြီးမင်း ပြန်ရောက်လာပြီမလို့ တစ်မျိုးတော့ စိတ်သက်သာရာရသည်။
မျက်နှာလေးမြင်လိုက်ရတာနဲ့တင် ကိုယ်ပင်ပန်းသမျှ ပျောက်ရှ။
သူနဲ့အတူဆို ကိုယ်ဟာလုံခြုံတယ်ဆိုတဲ့ အတွေးဟာ ဘာနဲ့မှအစားထိုးမရ စိတ်ရဲ့ကြည်နူးရာ။ထပ်ခါ ထပ်ခါ ငြင်းဆန်နေရင်းနဲ့ ထပ်ခါထပ်ခါ နစ်ဝင်သွားမိတယ်
မဖြစ်နိုင်မှန်း အားလုံးထက်ပိုသိတာပေါ့
နောက်ပြန်ဆုတ်လို့လည်းရတယ် အာဏာတစ်ခုကိုပိုင်ဆိုင်ပြီး ရှင်ဘုရင်နေရာက မင်းအပြုံးယှဉ်ရင် ဘယ်အရာကိုပိုမက်မောလည်း ကိုယ်အသိဆုံးပါ။ကိုယ့်မာနနဲ့သိက္ခာတွေက ချစ်သောသူရှေ့မှာ ဒူးထောက်ခစားဖို့အသင့်ဖြစ်နေရှာပြီ နှလုံးသားထဲက အရှင်သခင်ရေ...
ဘာလိုချင်လို့ ဘာပေးတာမျိုးမဟုတ်ဘဲ ကြင်ကြင်နာနာ ချစ်ပေးချင်တယ်
ဂျွန်းအချစ်က အကြင်သူကို ပိုင်ဆိုင်ချင်တဲ့အတ္တအရောင် ရောယှက်နေတာ မငြင်းပါဘူး ဒါပင်မဲ့ ဂျွန်းအကြင်နာတွေက နွေးထွေးစေချင်တာ မှန်သောသစ္စာစကားပါ။ပြတင်းပေါက်ကနေ လမင်းကိုကြည့်ရင်း အကြင်သူရဲ့ ပုံရိပ်ကိုမှန်းဆတွေးတောရတာ ဂျွန်းရဲ့ညအိပ်ရာမဝင်ခင် လုပ်ရမဲ့တာဝန်တစ်ခုလို ဖြစ်နေပြီ။
ပန်းပွင်းလေးတွေရဲ့ တီးတိုးစကားကြောင့် ဂျွန်းမှာ အဆောင်တော်အောက်ကို ပြေးဆင်းလာသည်။
ပန်းဥယျာဉ်တွေကြား ဟိုးထောင့်တစ်နေရာမှာ လူကြီးမင်းထားခဲ့တဲ့ဖိနပ်ကို ပန်းပွင့်တွေရဲ့ အကူအညီနဲ့ရှာတွေ့ခဲ့သည်။
"ပြောပြပေးလို့ ကျေးဇူးတင်ပါတယ် ပန်းလေးတွေရယ်"
ကိုယ့်အတွက်ရည်ရွယ်ထားတဲ့ပန်းဖိနပ်တဲ့လား လူကြီးမင်းလက်နဲ့ပေးရင်ပိုပျော်ရမယ်ထင်ပင်မဲ့ အခုလည်းပျော်တယ် သူလွှင့်ပစ်သွားတယ်ဆိုလည်း ဘာအရေးလည်း ဂျွန်းအတွက်ဆိုတဲ့စိတ်နဲ့တင် ကိုယ့်မယ် စိတ်ကူးထဲ မြတ်နိုးခြင်း ကမ္ဘာတည်။
ဖိနပ်လေးကို စီးကြည့်ပြီး ကြိုက်လွန်းလို့ ဘယ်လိုလုပ်ရပါ့။
VOCÊ ESTÁ LENDO
a LOVE that comes once in a LIFETIME [Completed]
Fanficပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....