Unicord
"ဟျောင်းကဘယ်တော့လာမှာလဲ မေမေရော ဘယ်မှာလဲ တစ်ယောက်တည်းကြောက်တယ်....."
"ချွဲဘောမ်ဂယူးကို ဘယ်မှာထားတာလဲ"
"ဒီထဲဘယ်သူမှ မဝင်ရပါဘူးလို့ အရှင်မင်ကြီးက အမိန့်ချထားပါတယ်"
"အိမ်ရှေ့စံ အမိန့်ပေးနေတာကို အာခံတာလား မင်းခေါင်းပြတ်ချင်လို့လား"
သော့တွေအတင်းလုယူပြီး ဘောမ်ဂယူးရဲ့ပိတ်ထားတဲ့အခန်းတံခါးကိုဖွင့်လိုက်သည်။
မျှော်နေတဲ့ ဟျောင်းရော မေမေရော မဟုတ်ဘဲ မမျှော်လင့်ထားတဲ့သူ။
လက်မှာချည်ထားတဲ့ကြိုးတွေကို ဓားနဲ့ဆွဲဖြတ်တော့ နားမလည်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည်။
ကြိုးချည်ထားထားလို့ နီရဲနေတဲ့လက်တွေကိုစုပ်ကိုင်တော့ အရင်လိုမရှုန်းဘဲငြိမ်နေရှာသည်။
"ကိုယ်တော်နောက်လိုက်ခဲ့"
တစ်ခွန်းမှ မပြောဘဲ အိမ်ရှေ့စံနောက်ကိုလိုက်ခဲ့သည်။ အခုချိန်မှာ အသက်ဘေးကရှောင်ဖို့ အိမ်ရှေ့စံကသူ့အတွက်အလုံခြုံဆုံးနေရာပဲ။
"သားတော် ဒါဘာလုပ်နေတာလဲ"
"ချွဲဘောမ်ဂယူးနဲ့ထိန်းမြားလက်ထက်ဖို့ ခေါ်လာတာပါ"
"ရူးနေတာလား! ငါကခွင့်ပြုမယ်ထင်နေလား"
"ခွင့်ပြုမှာပါ ခွင့်ပြုမှဖြစ်မယ် ! ခမည်းတော်နဲ့ ရန်သူမဖြစ်ချင်ပါဘူး"
"မင်း!"
"အရင်မင်ကြီး ဘယ်လိုနတ်ရွာစံသွားတဲ့အကြောင်း တိုင်းသူပြည်သားတွေသိသွားရင် တကယ်အဆင်ပြေလား"
အိမ်ရှေ့စံရဲ့အနောက်မှာ ငြိမ်ငြိမ်လေးထိုင်နေတဲ့ ဘောမ်ဂယူးလည်း ဒီစကားတွေကိုကြားပြီး ဒီနေရာကထင်ထားတာထက် ကြောက်စရာကောင်းမယ်ဆိုတာကို တွေးမိသည်။
"မင်းဘယ်လောက်ထိသိထားလဲ!"
"သိသင့်သလောက်ပေါ့! နတ်နန်းကဆရာမလေးရဲ့ ဟောကိန်းကြောင့် ဒီလိုလုပ်တာဆို ရပ်လိုက်ပါတော့"
"အပြစ်သားမလို့ အပြစ်ရှိကြောင်း ထုတ်ဖော်နေတာ ဝင်မရှုပ်ပါနဲ့ မင်းသား"
YOU ARE READING
a LOVE that comes once in a LIFETIME [Completed]
Fanfictionပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....