☘︎(15)

169 25 5
                                    

"အိမ်ရှေ့စံရဲ့အခြေအနေဘယ်လိုရှိလဲ"

"ဟို ..ဟို.."

"အို ..ဘာဖြစ်နေတာလဲ လျှောက်စမ်းပါဟ"

"အိမ်ရှေ့စံမင်းသားတရားစီရင်မှုလုပ်နေတာပြီးတော့မှာပါ"

"မြန်လိုက်တာ ဘောမ်ဂယူးရောဘယ်တွေသွားသေးလဲ"

"‌ချွဲသခင်လေးက အိမ်ရှေ့စံနားရောက်နေတာအတော်ကြာပြီ"

"ဘယ်လို..."

"ဟုတ်ပါတယ်မင်းကြီးဘုရား...တရားစီရင်နေတဲ့အိမ်ရှေ့စံ‌ရဲ့ဘေးမှာ သူပါထိုင်ပြီး ပုံဆွဲနေတယ် သူတို့နှစ်ယောက်ကြည့်ရတာ နေနဲ့လ ရွှေနဲ့မြလိုပဲလိုက်ဖက်လွန်းလှပါတယ်..."

"ဘာ...."

အထိန်းတော်ကသူ့စကားမှားမှန်းသိကာ ပြာပြာသလဲဦးညွှတ်တောင်းပန်ရှာသည်။

"ချွဲဘောမ်ဂယူး...သူအရင်ကနှစ်သက်ခဲ့တဲ့မိန်းကလေးမဟုတ်ဘူး သူနဲ့ရင်းနှီးတဲ့မိန်းကလေး၊ ယောက်ကျားလေးမှန်သမျှစာရင်းလုပ်ပေး ..."

"ငါ့ဘက်ကအရှုံးဆိုတာ ဘယ်တော့မှမရှိဘူး ချွဲဘောမ်ဂယူး...."

....

"အောင်မလေး လန့်လိုက်တာ ဒါလေးတွေကဘယ်ကရောက်လာတာလဲ ကို"

"ဒီကလေးလေးတွေအမှိုက်ပုံထဲကထမင်းတွေကောက်စားနေလို့ ရောဂါရမှာဆိုးလို့ ကိုယ်အိမ်ကိုခေါ်လာတာ"

"သူတို့မှာမိဘတွေမရှိဘူးလား"

"ရှိပါတယ် သားမေမေကနေမကောင်းဖြစ်နေလို့ စားစရာလာရှာတာပါ"

"အဲဒါနဲ့ပဲတွေ့သမျှတွေစားလို့မရဘူးလေ"

"အရမ်းဗိုက်စာနေလို့ပါ"

"စားဖို့ဂျွန်းလုပ်ပေးလိုက်မယ်"

"အင်း ကိုယ်သူတို့ကိုရေအရင်ချိုးပေးလိုက်ဦးမယ်"

ကလေးတွေအပေါ်ဆူဘင်းညင်သာနေပုံမှာ ယောန်ဂျွန်းအတွက်တစ်မျိုးတစ်ဖုံရင်ခုန်စေသည်။

ရေမိုးချိုးပြီး ဂျွန်းကကလေးတွေကို ထမင်းကျွေးပြီး အိမ်ကိုပြန်လိုက်ပို့ကြသည်။

"ကို ကလေးလိုချင်လား"

"ဘာဖြစ်လို့လဲ ဂျွန်းရဲ့..."

a LOVE that comes once in a LIFETIME [Completed] Where stories live. Discover now