Unicord
~"ရှင်းဂျောင်အယ် ငိုဦးမလား"
"မငိုတော့ပါဘူး တိုင်းပြည်ရဲ့အရှင်သခင်မ ဖြစ်လာမဲ့သူကမငိုရဘူး"
"တော်တယ် သမီးလေး နောက်တစ်ခါ စာပေမှာအမှတ်လျော့ရင် ဒီထက်ပိုနာမယ် သွားတော့"
၈နှစ်အရွယ်ကလေးမလေးရဲ့ ခြေသလုံးသေးသေးလေးဟာ ကြိမ်လုံးနဲ့အရိုက်ခံထားရတာ မြင်ရက်စရာမရှိ။
"ဂျောင်အယ်လာပြီ သူနဲ့မဆော့ချင်ဘူး ငါတို့ဟိုဘက်သွားရအောင်"
"ရား နင်တို့ကလည်း သူငယ်ချင်းအချင်းချင်းကို ဘာလို့အဲလိုလုပ်တာလဲ"
"ရှင်းအမတ်ကြီးကကြောက်ဖို့ကောင်းတယ်လေ"
"ရှင်းအမတ်ကြီးကြောက်ဖို့ကောင်းတာနဲ့
ဂျောင်အယ်နဲ့ဘာဆိုင်လို့လဲ""ဘောမ်ဂယူး နင့်ဘာသာဂျောင်အယ်နဲ့ဆော့ရင်ဆော့ ငါတို့တော့မဆော့နိုင်ဘူး"
ကျောင်းဝန်းရဲ့ထောင့်လေးမှာ ကုတ်ကုတ်လေးထိုင်နေတဲ့ ဂျောင်အယ်နား ဘောမ်ဂယူးကမုန့်တွေယူလာပေးသည်။
"မုန့်စားမလား"
ဘာမှမပြောဘဲ ခေါင်းခါပြသည်။
"ငါ့ရဲ့ဟျောင်းဝယ်ပေးလိုက်တာ စားကြည့်ပါလား အရမ်းကောင်းတယ်"
"သူများကျွေးတဲ့မုန့်စားရင် အာပါးကရိုက်လိမ့်မယ်"
"ငါဘယ်သူမှပြန်မပြောပါဘူး နင်နဲ့ငါနှစ်ယောက်ပဲသိတဲ့ လျို့ဝှက်ချက်လုပ်ရအောင်"
"အဲလိုလုပ်လို့ရလား"
"ဒါပေါ့ အယ် ...နင့်လက်ကဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ပါဘူး"
"အရိုက်ခံထားရတာလား"
လက်ဖဝါးသေးသေးလေးတွေ နီရဲရဲအရာရာတွေ
"အရမ်းနာနေမှာပေါ့ မငိုဘူးလား"
"နာပင်မဲ့ မငိုရဲဘူး ငိုရင် ပိုရိုက်ခံရလို့"
"ငါရှေ့မှာငိုလို့ရတယ် "
"နာလွန်းလို့ အရမ်းနာလွန်လို့ သေတော့မှာပဲ မိဖုရားလည်းမဖြစ်ချင်ဘူး ....."
YOU ARE READING
a LOVE that comes once in a LIFETIME [Completed]
Fanfictionပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....