☘︎ (11)

197 29 20
                                    


Unicord

တကျီကျီသာနေတဲ့ ငှက်ငယ်‌တွေကမနက်မိုးသောက်အလင်းရောက်ပြီဖြစ်ကြောင်းပြောကြားနေကြသည်။ အရှေ့အရပ်က နေမင်းကြီးက နေ့သစ်စဖို့အင်းအားအပြည့်ဖြည့်ပြီး ထွန်းလင်းလာပြီ။

လုံလုံခြုံခြုံထွေးပွေ့ထားခံထားရတဲ့ ရင်ခွင်ထဲက နတ်ဘုရားငယ်ဟာ အိပ်ရေးမဝသေးဘူးထင်ပါရဲ့ ကြောင်ပေါက်စလေးလို သခင့်ရင်ခွင်ထဲ  ပိုးတိုးကာဝင်လာသည်။

ပါးပေါ်ကျနေတဲ့ ရှုပ်ရှုပ်ပွပွဆံပင်တွေကို တယုတယနမ်းရှိုက်ရင်း နတ်ဘုရားငယ်ကို ချစ်မဝ ရှုမဝ။
မဟူရာဆံနွယ်ရှည်လေးကအစ မျက်ဝန်းအပြာရောင်တွေ၊ မျက်ခမ်းစပ်ကမှဲ့နက်လေးရယ်၊ ပါးမို့မို့လေးနဲ့ နှုတ်ခမ်းဖူးဖူးလေးအပါအဝင် ဝါဂွမ်းလိုနုနယ်တဲ့အသားမှာ ခပ်ကြမ်းကြမ်းနမ်းထားလို့ သွေးစို့နေတဲ့ ပန်းခရမ်းရောင် အရာတွေရယ်၊ ခြေသလုံးဖြူဖြူလေးအပြင် ခြေဖဝါးဖုဖုဥဥတွေနှင့် ခြေချောင်းဖောင်းဖောင်းလေးတွေအထိ ကိုယ့်အပိုင်ဖြစ်ပိုင်ဆိုင်ရတယ်ဆိုတာ အရင်ဘဝက တိုင်းပြည်များကယ်တင်ခဲ့လေသလား။

ကြောင်ပေါက်လေးတွေရဲ့အကျင့်အတိုင်း မျက်လုံးလေးပွတ်သတ်ပြီး နိုးလာခဲ့သည်။

"ကိုယ့်ကြောင်ပေါက်လေးနိုးလာပြီလား"

"ဟင်း...မကြည့်နဲ့"

"ဘာလို့လဲ"

"မျက်နှာလည်းမသစ်ရသေးဘူး ဆံပင်တွေရှုပ်ပွနေတာအခုကမလှဘူး"

"ဟင့်အင်း လှတယ်"

နဖူးလေးကိုငုံကာနမ်းတော့ လည်ပင်းကိုဖက်ထားသည်။

"မပြန်နဲ့ ဂျွန်းနဲ့ပဲနေ"

"အဆိုးလေးလိုလုပ်နေတာပဲ"

"မခွဲချင်‌ဘူး"

တအီအီလုပ်ပြီးချွဲနေတဲ့ ဂျွန်းကို မျက်နှာသစ်သန့်စင် အဝတ်ဝတ်ပေးပြီး မနက်စာစားဖို့ပြင်ပေးသည်။

"ကို မျက်လုံးတွေရဲနေသလိုပဲ"

"ဂျွန်းစိတ်ထင်လို့ပါ"

"ဘယ်တော့ဂျွန်းဆီပြန်လာမှာလဲ"

"ကိုယ်နေ့ခင်းကျ အားတာနဲ့ခဲ့မယ်"

a LOVE that comes once in a LIFETIME [Completed] Where stories live. Discover now