"မင်း မသွားရဘူး ချွဲဆူဘင်း..."
"အမေ..."
"ဆူဘင်း အမေ့မှာ သားနှစ်ယောက်ထပ်ပိုပြီးဘာမှအရေးမကြီးဘူး...ဘောမ်ဂယူးကသေလား ရှင်းလားမသိတဲ့အချိန်မှာ မင်းကပါ ဒီလိုလုပ်ရင် အမေတကယ်သေသွားလိမ့်မယ်...ယောန်ဂျွန်းနဲ့ ကလေးကိုလည်းသနားပါဦး..."
"ဒီလိုအလုပ်မျိုး ကျွန်တော်နဲ့ အိမ်ရှေ့စံပဲလုပ်နိုင်မှာလေ ... အမေလိုမျိုး ဘယ်သူ့ကိုမှထပ်မခံစားစေချင်တော့ဘူး.."
"မဟုတ်တဲ့နေရာမှာ ဘာလို့မင်းအဖေနဲ့အရမ်းတူနေရတာလဲ မင်းကိုမွေးတုန်းကလဲ မင်းအဖေကရှေ့တန်းကိုရောက်နေလို့ ငါ့မှာတစ်ယောက်တည်း အားတင်းပြီးနေခဲ့ရတာ"
"အဖေ့သားက အဖေနဲ့မတူလို့ ဘယ်သူနဲ့တူမှာလဲ..."
"ယောန်ဂျွန်းရယ် မင်းဒီလိုလူကိုဘာလို့ချစ်တာလဲ..."
"အမေဗျာ...သားနဲ့ဂျွန်းကို အဲလိုသွေးမခွဲရဘူးလေ...ဂျွန်း ကိုမချစ်လို့ အခုလိုထားခဲ့တာမဟုတ်ပါဘူးဗျာ...အမေလည်းသိသားနဲ့...ဂျွန်းကို သားကိုယ်စားစောင့်ရှောက်ပါ...အမေ့ရဲ့မြေးလေး ဂျွန်းဗိုက်ထဲမှာရှိနေတာလေ...."
ထပ်မငိုတော့ဖို့ဆုံးဖြတ်ထားတယ်...အနိုင်ယူပြီးပြန်လာမှာသိပင်မဲ့လည်း ခက်တာပဲ..ခဏလေးကျောခိုင်းထားရင်တောင် လွမ်းနေတာကို ဘယ်လိုလုပ်ရမလဲ....
သံချပ်ကာဝတ်စုံပြည့်ဝတ်ပြီး လေးနဲ့မြှားကိုပြင်ဆင်နေတဲ့ လူကြီးမင်းက ကြည့်ကောင်းပါပြန်ရော...
"ဂျွန်း..."
သိသိသာသာတိတ်ဆိတ်ပြီး ဒီရက်တွေမှာကြောင်လေးလိုလိုက်ကပ်တွယ်နေတာ သတိထားမိပါတယ်
"စားဖိုဆောင်မှာ ဂျွန်းအတွက်စားဖို့လုပ်ပေးရမှာကို စားရင်းပေးထားတယ် ဂျီးမများရဘူး...အစာကိုပုံမှန်စား...ကိုယ့်ကိုလွမ်းလို့ဆိုပြီး ညဘက်တွေငိုမနေရဘူး..ကိုယ့်ကိုကိုယ်ဂရုစိုက် .."
"အင်းပါဆို..."
"မငိုနဲ့..မငိုနဲ့ တိတ်တိတ်..."
_
"သားတော်ကိုပေးစရာရှိတယ်"
"ဒါက ဒေါ်လေးရေးခဲ့တဲ့ တရားဥပဒေကြမ်းလား မယ်တော်"
YOU ARE READING
a LOVE that comes once in a LIFETIME [Completed]
Fanfictionပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....