☘︎ (4)

288 36 11
                                    

Unicord
~

"လူသားနဲ့ ဂူမီဟိုဆိုတာ ချစ်ကျွမ်းဝင်လို့မရဘူး ဒါကိုသားတော်အမြဲမှတ်ထား"

....

"အမိန့်မနာခံလို့ သေမသေတော့မသိဘူး အခုတော့ အစာငတ်ပြီးသေတော့မယ် ဒုံရေ ငါတို့လာတာဒီ‌နေရာကသုံးခါရှိနေပြီ ငါခေါင်းတွေမူးလာပြီ လမ်းရှာမတွေ့တော့ဘူး"

ဒုံကိုလည်းအနားပေးချင်တယ် ကိုယ်တိုင်လည်း အနားယူချင်တာမလို့ နွယ်တွေတွယ်ကြနေတဲ့ သစ်ပင်ကြီးအောက်ကိုဝင်နားသည်။

အနားမှာရှိတဲ့ သစ်သီးတွေခူးယူးစားပြီး ရေကြည်ကိုရှာဖွေသောက်သလို ဒုံကိုပါသောက်ခိုင်းသည်။

နေရောင်‌ပျောက်တော့မဲ့ အချိန်အခါဝယ် နေဝင်ဆည်းဆာကဖျာကျနေသည်။
မျက်လုံးကိုမှိတ်စက်လိုက်တော့ အပြာရောင်မျက်ဝန်းတွေကပျောက်မသွားခဲ့။

နတ်ဘုရားဆီမှာ အပြုစားခံလိုက်ရတာလား...
ကိုယ်တိုင်ကပဲ အပြုစားခံချင်ခဲ့တာလား...

"လှတယ်... Eugene"

"ဘာကိုလှတာလဲ"

သာယာတဲ့ နတ်ဘုရားအသံကြောင့် ချက်ချင်းမျက်လုံးဖွင့်လိုက်သည်။

"လှတယ် မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ"

"မြှောက်လွန်းတာပါ လူကြီးမင်း"

"အိမ်မက်မက်နေတာလား!"

"အိမ်မက် မဟုတ်ပါဘူး"

‌ဖောင်းတစ်နေတဲ့ ပါးလေးကို ထိကိုင်လိုက်တော့ အိစက်ညက်ညောမှုက လက်ကိုထိုးဖောက်ဝင်လာသည်။

သူ့ပါးကိုထိလိုက်ချိန်မှာ ခေါင်းလေးငုံပြီးအနောက်ကိုဆုတ်သွားသည်။

"တကယ် ...တကယ်ကြီး ဂျွန်းလား"

"ဟုတ်ပါတယ် လူကြီးမင်း"

"ဘာလို့လည်း ဘာလို့ပြန်လာခဲ့တာလည်း အန္တရာယ်များလွန်းတယ်မလား"

"ကိုယ့်သခင်ရှိတဲ့နေရာမှပဲ ကိုယ်နေသင့်တယ်လေ....လူကြီးမင်းက ဂျွန်းရဲ့ကျေးဇူးသခင်..."

ဂျွန်းပြောနေတာတွေကို လူကြီးမင်းနားမလည်ပါ။ ဂျွန်းကိုပြန်ခေါ်လာရင် ကျိန်းသေပေါက် ဂျွန်းဟာ အန္တရာယ်များသိတယ်ဒါပင်မဲ့ ဂျွန်းကို အနားမှာခေါ်ထားချင်တယ်။

a LOVE that comes once in a LIFETIME [Completed] Where stories live. Discover now