Fan artကိုသဘောကျလို့ထည့်ထားတာပါ original artist ကို crd ပေးပါတယ်Unicord
~တစ်ခါတုန်းက Eugene မင်းသားသည် လူတွေနေသည့်အရပ်မှာ ကျင်လည်နေကြတဲ့ လူအယောင်ဆောင်ထားသော ဂူမီဟိုများကိုလိုက်လံဖမ်းဆီးရန် ဂူမီဟိုအရှင်သခင်ထံမှအမိန့်ရခဲ့သည်။
Eugene လည်းအမိန့်တော်ကို နာခံပြီး လူသားများရှိသည့်အရပ်ကိုလာခဲ့သည်။သူဖမ်းရမဲ့ ဂူမီဟိုစာရင်းကိုကြည့်ပြီး "ဘာလို့များအချစ်အတွက်မိုက်ရူးရဲဆန်ကြတာလဲ"
လို့ရေရွတ်ရင်း သူလည်းလူသားအသွင်ပြောင်းလိုက်သည်။ အပြာရောင်မျက်လုံးအစား အနက်ရောင်မျက်လုံးအဖြစ်ပြောင်းပြီး ရွှေအိုရောင်ဝတ်ရုံကို လူတွေဝတ်သည့်ပိုးထည်ပုံစံပြောင်းခဲ့သည်။လူများတဲ့ဈေးတန်းထဲသွားပြီး အရင်ဆုံးရှာဖွေသည်။ ထိုအချိန်တွင်အလွန်ပင်မွေးသော အနံ့တစ်ခုကိုရ၍ စပ်စုချင်စိတ်တွေဖြစ်ပေါ်လာသည်။ လူအများကအားရပါရ စားသောက်နေကြသည်မြင်သောကြောင့် သူလဲဝင်ထိုင်လိုက်သည်။
"စွပ်ပြုတ်သောက်ဖို့လား သခင်လေး"
သူ့ကိုလာေမးေသာ ဝဝတုတ်တုတ်အသံကျယ်ကျယ် အန်တီကြီးကို ခေါင်းငြိမ့်ပြလိုက်သည်။သူတို့ဂူမီဟိုတိုင်းပြည်မှာ သစ်ဉသစ်ဖုတွေပဲစားကြတာ။လပြည့်ညကြရင်တော့ တစ်ချို့ ဂူမီဟိုတွေက တိရိစ္ဆာန်တွေကိုဖမ်းပြီး သွေးသောက်ကြသည်။ သူကတော့ ပန်းတွေရဲ့ဝတ်ရည်နှင့် သစ်သီးတွေကိုပဲစားသုံးသည်။
ပထမတစ်လုပ်စားလိုက်တော့ အလွန်ပင်အရသာရှိလွန်းလို့ ဣန္ဒြေ မဆယ်နိုင်ကာ အကုန်လုံးပြောင်အောင်စားသောက်ပစ်သည်။
စားလို့လည်းပြီးရော ထသွားတော့ ဆိုင်ရှင်အဒေါ်ကြီးက ဆွဲထားသည်။
"ရုပ်ကလေးသနားကမားနဲ့ လူရည်သန့် အိမ်တော်တစ်ခုခုကသခင်လေးလို့ထင်ထားတာ စားပြီး ငွေမရှင်းဘဲ ဘာလုပ်တာလဲ"
"တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်မသိလို့ပါ ငွေတော့မပါဘူး ဒီရတနာပေးလို့ရလား"
ပိုးထည်အင်္ကျီမှာပါတဲ့ အဖိုးတန်ပုလဲတစ်လုံးကိုဖြုတ်ပေးဖို့လုပ်သည်။
YOU ARE READING
a LOVE that comes once in a LIFETIME [Completed]
Fanfictionပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....