မေ့သွားပြီမလား သိတယ် အစကပြန်ဖတ်
Unicord
~"ဒီမိစ္ဆာကောင်ကို သတ်ပစ်သင့်ပါတယ် အရှင်မင်းကြီး"
"အန္တရာယ်နဲ့ ကြုံတွေ့နေသူတစ်ဦးပါ ကျေးဇူးပြုပြီး ငဲ့ညာသနားပေးပါ အရှင်မင်ကြီး"
စစ်သူကြီးနှင့် စစ်ဗျူဟာမှူးရဲ့ လျှောက်တင်သံနှစ်ခုဟာ အပြိုင်ထွက်ပေါ်လာသည်မလို့ အတော်ပင်မကျပ်ရိုက်စရာကောင်းသည့် ကိစ္စပင်ဖြစ်သည်။
တိုင်းပြည်ရဲ့အနာဂတ်လည်းဖြစ်သည့်အပြင် ချစ်မြတ်နိုးရသော သားမြတ်ရတနာဖြစ်သည့် အိမ်ရှေ့စံမင်းသားကို မင်းကြီးသည် အလွန်ချစ်မြတ်နိုးအားထားသည်။ ယခုကိစ္စပင်သည်လည်း အိမ်ရှေ့စံမင်းသားအား သေချာစီမံနိုင်သည်ဟု ယုံကြည်ကာ တာဝန်လွှဲအပ်ပေးသည်။
အိမ်ရှေ့စံမင်းသားသည်လည်း ဉာဏ်အမျှော်အမြင်ကြီးသူဖြစ်သောကြောင့် သူတစ်ပါးရဲ့အသတ်ကို အကြောင်းမဲ့သက်သက်သတ်ပစ်ဖို့တော့ မလုပ်
သူကိုယ်တိုင် စစ်ဆေးမေးမြန်းသည်။"အဘယ်ကြောင့် လူတွေနေတဲ့အရပ်ကို ရောက်ရှိနေရပါသနည်း အသင်တို့နဲ့ ကိုယ်တော်တို့က နယ်နိမိတ်စည်းခြားထားသည် မဟုတ်လော"
"ကျွန်တော်ရဲ့ဖခမည်းတော် ကျန်းမာရေးချို့တဲ့နေခြင်းကြောင့် ကြာပန်းရဲ့ဝတ်ဆံကို စားသုံးမှ ပျောက်ကင်းပါမည် ထို့ကြောင့် ကြာပန်းရှာဖွေရန် လူသားတွေနေတဲ့အရပ်ကို လာရခြင်းဖြစ်ပါသည်။
မည်သည့်လူသားကို အန္တရာယ်ပြုခြင်းမရှိခဲ့ပါ အရှင်မင်းသား...ကျွန်တော်တို့မျိုးနွယ်က ကတိသစ္စာကို တန်ဖိုးထားတယ်ဆိုတာသိပါသလား...ကြာပန်းကိုရှာဖွေပြီး ဖခမည်းတော်ဆီဆက်သခွင့်လေးပေးပါ...ဒီအခွင့်ရေးပေးပြီးရင် ကျွန်တော့်ကို သတ်လိုပါက သတ်နိုင်ပါသည်...""အို လူသားများကို အသင်ဒုက္ခမပေးဘူးဆိုရပါပြီ ကိုယ်တော်ကမလိုလားအပ်တဲ့ဆိုးကြိုးတွေမဖြစ်စေချင်ယုံပါ..ကြာပန်းတွေကို ရှာဖွေပြီး သင်နေထိုင်သောအရပ်ကိုသာပြန်ပါ"
ထိုသို့အကျိုးအမြတ်မရှိသော အိမ်ရှေ့စံ၏ အမိန့်ကို မင်းကြီးသည် အလိုမကျ။
ရှေးစကားတွေအရ ဂိုမီဟိုမျိုးနွယ်တွေသည် အလွန်ပင်အစွမ်းထက်သောမှော်အစွမ်းကို ပိုင်ဆိုင်ကြသည်။ သူတို့ကျေးဇူးရှိပါက သေလုမျောပါးဖြစ်နေတဲ့သူကိုယ်တောင်ကယ်တင်ပေးနိုင်ပြီး သူတောင်းစားကိုတောင် သူဌေးသူကြွယ် ဖြစ်သည့်အထိစောင့်ရှောက်ပေးကြသည်။ ယခင်ယခင်က တစ်ချို့မင်းကြီး တွေကိုဆို စစ်ပွဲများနိုင်သည့်အထိ ကူညီပေးကြသည်။
YOU ARE READING
a LOVE that comes once in a LIFETIME [Completed]
Fanfictionပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....