Unicord
~ကြေးငှက်တွန်သည့် နေထွက်ချိန်ရောက်တာနဲ့ မျက်လုံးနှစ်လုံးဖွင့် ထကတည်းကချစ်သောအကြောင်းကို ပထမဆုံးတွေးပြီးပြုံးမိသည်။ တအိအိနမ်းရှိုက်ခဲ့တဲ့နှုတ်ခမ်းလေးက ဘယ်လောက်လှပုံ၊ သူ့ရဲ့ကိုယ်သင်းနံ့က ဘယ်လိုသင်းပျံ့ပုံ တွေးမိတိုင်း အချစ်တစ်ခါပို
မှန်သောစကားဆိုမနေ့ကထက် ဒီနေ့ပိုချစ်မိသည်။
အလှဆုံးဖူးပွင့်နေတဲ့ပန်းလေးတွေကို ခူးယူဖို့ပန်းပင်တွေလိုက်ရှာသည်။ ဒီနေ့တော့ ဟိုးအမြင့်ဆုံးမှာ ပေါက်ရောက်နေတဲ့ တောသဇင်ပန်းလေးကို ချစ်သောပန်ဖို့ သီကုံးပေးမည်။ အလှဆုံး အလတ်ဆတ်ဆုံး ပန်းခတ်တွေကို ရွေးခူးသည်။ ပိုးကောင်ဘာညာမပါလေရအောင် ဆေးကြောသန့်ရှင်းသည်။ တစ်ခတ်ချင်းဆီ အလှဆုံးသီကုံးသည်။ သီကုံးနေရင်း ချစ်သောသာဒါလေးသာပန်ရင် ဘယ်လောက်လှမလဲတွေးရင်း ပြုံးမိသည်။ ပန်းလေးတွေကိုအားနာပင်မဲ့ ဒီကမ္ဘာမှာ ကိုယ့်ချစ်သူသည်သာ အလှဆုံးဖြစ်နေတာတော့ မတတ်နိုင်ဘူးလေ။
"ဆူဘင်း"
"ဗျာ မေမေ"
"ချစ်သူရှိနေပြီလား"
"ဟုတ်ကဲ့"
"ငါ့သားတွေအရွယ်ရောက်လာပြီပဲ"
"မေမေ သူက သားတို့နဲ့ပုံစံမတူဘူး မေမေလက်ခံပေးနိုင်လား"
"မေမေလက်မခံဘူးဆိုရင် သားကိုသူ့ကိုဆက်မချစ်တော့ဘူးလား"
"ဟင့်အင်း သူ့ကိုလဲဆက်ချစ်မယ် မေမေလက်ခံပေးမဲ့အထိလဲ ကြိုးစားမယ်"
"သား မေမေတစ်ခုပြောမယ်နော် သားကိုလူရည်မွန်လေးဖြစ်အောင် မေမေကိုယ်တိုင်မွေးမြူခဲ့တာ မေမေသားကိုတန်ဖိုးထားသလို သူများသားသမီးကလဲ သူ့မိဘအတွက်အဖိုးတန်ပဲ ဒါကြောင့်လေ တကယ်ချစ်ရင် တန်ဖိုးထားပြီးချစ်ရမယ် မျက်ရည်ကျအောင်မလုပ်ရဘူး မြဲမြဲမှတ်ထားနော် သား"
"မေမေ သူက"
"အင်း"
"မိန်းကလေး မဟုတ်ဘူး"
မေမေက ခပ်ဟဟရယ်သည်။
"သားကမေမေ့ကို ငတုံးလို့ထင်နေတာလား သားချစ်သူဘယ်သူလဲဆိုတာ မေမေသိပါတယ် သူကမိန်းကလေး ဖြစ်စေ ယောက်ျားလေးဖြစ်စေ ကိုယ်ကမြတ်နိုးတယ်ဆို တန်ဖိုးထားရမယ်"
YOU ARE READING
a LOVE that comes once in a LIFETIME [Completed]
Fanfictionပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....