Unicord
"ဘောမ်ဂယူး ငိုထားတာလား"
မျက်လုံး တွေကဖောင်းမို့ပြီး ပန်းနုရောင်ပါးက နီစွေးစွေးဖြစ်နေသည်။ ဟေဇယ်ရောင် မျက်ဝန်းတွေက အရင်လိုတောက်တောက်ပပမရှိ
"ကျွန်တော့်ကို ဘယ်တော့လက်ထက်မှာလဲ ကျွန်တော်အိမ်ရှေ့စံနဲ့ အတူနေချင်ပြီ"
"ကိုယ်တော် အမြန်ဆုံးကြိုးစားပါမယ်"
ခပ်ထန်နေတဲ့မျက်လုံးတွေ ပြောင်းလဲသွားတဲ့အခြေအနေတွေကို ကိုယ်တော်သတိထားမိပါတယ် ကျိန်းသေ ကိုယ်တော့်ကိုမုန်းနေမှာပေါ့ အင်း ရပါတယ်မုန်းပါ ကိုယ်တော်ကပဲ ချစ်ပေးမယ်
နီးကပ်လာတဲ့ အိမ်ရှေ့စံကို လက်နဲ့ကာလိုက်သည်။
"မကြိုက်ဘူးလား"
ဘာမှပြန်မဖြေပဲ ခေါင်းကိုငုံ့ထားသည်။
ထိတွေ့ချင်တယ်၊ ပွေ့ဖက်ချင်တယ်လေ သိပ်ရက်စက်တယ်လို့ မထင်ဘူးလား ငယ်ရယ်
"ကိုယ်တော်ကို ချစ်လား"
"ချစ်တယ် ချစ်တာမလို့ ကျွန်တော်နဲ့အမြန်ဆုံးလက်ထပ်ပေးပါ"
ဘာလို့ ဘာလို့ ငယ့်ဆီကချစ်တယ်ဆိုတဲ့စကားကြားတိုင်း နာကျင်နေရတာလဲ တကယ်မချစ်ဘူးဆိုတာကို မသိချင်ယောင်ဆောင်နေရလို့လား
"ငယ့်ဆီကို ဖခမည်းတော်လာသွားတယ် ကြားတယ် ဘာတွေပြောသွားသေးလဲ"
"ကြောက်တယ်လို့ မင်းကြီးကိုကြောက်တယ်လို့"
ပြီးတော့ မုန်းတယ် သေလောက်အောင်မုန်းတယ် ကျွန်တော့လက်နဲ့ကိုယ်တိုက်သတ်ပစ်မှာမလို့ အိမ်ရှေ့စံကကျွန်တော့်ရဲ့လက်နက်ဖြစ်ပေး
'အချစ်'တဲ့လား ကျွန်တော့်အဖေကိုသတ်တဲ့လူရဲ့သားကို ချစ်ပေးနိုင်မယ်ထင်နေလား မချစ်ပေးနိုင်ပင်မဲ့ ဘေးနားမှာတော့နေပေးနိုင်ပါတယ် အိမ်ရှေ့စံ မျက်ရည်ကျတာ ထိုင်ကြည့်ရင်းနဲ့ အချိန်တွေကုန်ဆုံးပါရစေ
"ချွဲဘောမ်ဂယူး မင်းတော်တော်မျက်နှာပြောင်တိုက်တာပဲ ငါမင်းကို ငါ့သားနားမနေဖို့ ပြောခဲ့တယ်လေ မင်းအဖေကိုငါ့သတ်ခဲ့တာပါလို့ပြောတာတောင် ငါ့သားနဲ့လက်ထက်ချင်သေးတယ် ဟုတ်လား"
YOU ARE READING
a LOVE that comes once in a LIFETIME [Completed]
Fanfictionပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....