☘︎ (6)

299 36 9
                                    

Unicord
~






ဝမ်နိုင်ငံနဲ့မြောင်နိုင်ငံက ဟိုးအရင်က ခဏခဏစစ်ပွဲတွေဖြစ်ပြီး ၁၁ယောက်မြှောက် ဂန်မျိုးဆက်အရှင်မင်ကြီးလက်ထက်မှာ စစ်ပြေငြိမ်းခြင်း နှစ်ဦးသဘောတူ စာချွန်လွှာရေးသားကြသည်။
သို့ရာတွင် မြောင်နိုင်ငံဟာ ဝမ်နိုင်ငံထက် ပိုမိုတိုးတတ်ပြီး လက်နက်အင်အားပိုကြီးသဖြင့် ဝမ်နိုင်ငံက ထွက်ရှိတဲ့သံဃံဇာတများကို မြောင်နိုင်ငံသို့နှစ်စဉ်ဆက်သရသည်။

ထိုသို့ခေါင်းပုံဖြတ် ခံနေရသည်ကို အိမ်ရှေ့မင်းသားသည် လုံးဝသဘောမကျပါ။ ငယ်သူဖြစ်သူပီပီ ‌စစ်သွေးကြွနေ၍ စစ်ပွဲစတင်ဖို့ အားသန်သော်လည်း ဝမ်နိုင်ငံမှာ မိုးခေါင်ရေရှားမှုဖြစ်နေသဖြင့် အငတ်ဘေးစိုက်နေကြရသည်။
ထိုအချိန်မှာထပ်၍ စစ်မက်ဖြစ်ပွားပါက တိုင်းသူပြည်သားအားလုံး ဒုက္ခရောက်မည့်ဘေးကို မျှော်တွေးသနားကာ မြောင်နိုင်ငံနှင့် မဟာမိတ်ဖွဲ့ထားသည်ဆက်လက် လုပ်ဆောင်နေရသည်။

ရေရှားမှုကြောင့် နောက်ဆက်တွဲ ဝမ်းရောဂါပါဖြစ်ပေါ်နေသည်။ ထို့ကြောင့် ချွဲသခင်မကြီးတို့ အိမ်တော်မှာ လူမမာများ တန်းစီပုံထပ်ရှာပြီ။

လူကြီးမင်း မြောင်နိုင်ငံကို သံတမန်အဖွဲ့ကိုကြိုဆိုဖို့ခရီးထွက်သွားပြီးနောက် ဂျွန်းဟာချွဲအိမ်တော်ကိုလာ၍ သခင်မကြီးကို ကူညီပေးခဲ့သည်။

ဆေးကျိုတာ၊ လူမမာတွေနေရာချပေးတာနဲ့ မြို့ထဲရှိအိမ်တွေကို ရေတွေကျိုချက်သောက်ဖို့ သတိလိုက်ပေးတာမျိုးကို ပြုလုပ်ခဲ့သည်။

"ကိုယ်တို့ခရီးတစ်ထောက်နားပြီ Eugene ဒီနားမှာလည်း ဒုဓလီပန်းတွေရှိတယ်"

"ဂျွန်း အခုလူကြီမင်းတို့အိမ်ရောက်နေတယ် လူမမာတွေအများကြီးမလို့ သခင်မကြီးကိုကူညီပေးနေတာ"

"ပင်ပန်းနေတော့မှာပဲ ဂျွန်းရယ်"

အခုလိုမျိုး လူကြီးမင်းရဲ့အသံကြားနေရလို့ ပင်ပန်းတာတောင်ပျောက်သွားပြီ။

"‌ယောန်ဂျွန်းဟျောင်း ကျွန်တော့်အစ်ကို ကိုကြိုက်နေတာလား"

a LOVE that comes once in a LIFETIME [Completed] Where stories live. Discover now