Unicord
~" မရိုက်ပါနဲ့ မေမေရဲ့ ညီလေးက ကလေးမလို့ဆိုးတာပါ"
"ဟျောင်းရေကယ်ပါအုန်း"
"နင်အဲလိုတွေ အရှေ့ကကာနေလို့ အဲ့ကလေးဆိုးသွမ်းနေတာ..ဘယ်နဲ့ သူများအိမ်ကသရက်သီးသွားခူးရတယ်လို့...နင့်ကိုငါတို့အငတ်ထားနေလို့လား..."
"အဲ့ခြံထဲကသရက်သီးကပိုစားကောင်းလို့ပါမေမေကလည်း"
ဆူဘင်းနောက်ကကွယ်ကာ နှုတ်ခမ်းထောပြီး တစ်ခွန်းမခံပြန်ပြောနေသည်။
"ဘောမ်ဂယူး တိတ်စမ်း အမေ့ကိုခံမပြောရဘူး"
"မေမေလည်းတော်တော့ စကားနဲ့ပြောလည်းရတာကို ကလေးကိုဆိုအမြဲရိုက်ဖို့လုပ်နေတာပဲ အတင်းချုပ်ချယ်လွန်းလို့ ကလေးကခိုးလုပ်နေတာ..."
"နင့်ညီကသရက်သီးတွေ မတရားစားပြီးဗိုက်အောင့်အုန်းမယ်ပြီးရင် ပြောစကားမှနားမထောင်တာ ရိုက်ရတာပေါ့"
"ဒါဆို နည်းနည်းပဲကျွေးရင်ရတယ်လေ ညီလေးကအရမ်းစားချင်နေတာကို.."
"သခင်မကြီး ...သခင်မကြီး...အိမ်ရှေ့စံမင်းသားကြွမြန်းလာတယ်"
"ဟေ..ငါတို့အိမ်ကိုလား..တည်ခင်းဧည့်ခန်းဖို့အမြန်လုပ်ကြစမ်.."
"မင်းသားရယ် အကြောင်းမကြားဘာမကြားနဲ့ ကိုယ်ရံတော်နဲ့နှစ်ယောက်တည်းအန္တရာယ်များရလို့ လာမယ်ဆိုဟျောင်းကိုပြောတာမဟုတ်ဘူး"
ဆူဘင်းဟျောင်းပြောတာကို နားထဲကြားတစ်ချက်မကြားတစ်ချက် ဆူဘင်းဟျောင်းနောက်က သူ့ကိုမမြင်အောင်ဟျောင်းနဲ့ကွယ်ထိုင်နေတဲ့ အစွာလေးက ခုနကတော့သူမဟုတ်တော့တဲ့အတိုင်း....
"သေပါပြီ ခုနကလူကအိမ်ရှေ့စံမင်းသားတဲ့လား ချွဲဘောမ်ဂယူးတော့ ခေါင်းပြတ်တော့မယ် ..."
ဆူဘင်းက အိမ်ရှေ့စံမင်းသားနဲ့အတူ ဓားရေးလေ့ကျင့်နေကြဆိုတော့ရင်းနှီးကျွမ်းဝင်ပင်မဲ့ ဘောမ်ဂယူးကိုတော့နာမည်ပဲကြားဖူးရုံသာ..
"သရက်သီးကစားကောင်းလား"
ဘောမ်ဂယူးကိုကြည့်ပြီး မေးလိုက်တာမလို့ ဘောမ်ဂယူးလန့်ဖြန့်ပြီး ကြမ်းပြင်ကိုပြားပြားဝပ်ပြီး တောင်းပန်ပါတော့သည်။
ESTÁS LEYENDO
a LOVE that comes once in a LIFETIME [Completed]
Fanficပေါင်းစပ်လို့မရတဲ့ဘဝနှစ်ခုကို ဘာကြောင့် နတ်ဘုရားတွေက ဒီအချစ်ကိုဖန်းဆင်းပေးကြတာလဲ.....