Part - 1 🌸

1.3K 38 14
                                    

[Unicode]

Operation room တံခါးကိုတွန်းဖွင့်ပြီး
အပြင်ဘက်ကိုခြေချလိုက်ရုံနဲ့စိတ်တွေပေါ့ပါးသွားသည်။ခုမှဘဲသူ့မှာသက်ပြင်းလုံးလုံးချနိုင်တော့တယ်။

ညလယ်ခေါင် ၃နာရီလောက်ကြီးအူအတက်
ပေါက်ပီးရောက်လာတဲ့လူနာကိုခွဲစိတ်နေရတာခုမနက်မိုးလင်းခါနီးမှဘဲပြီးသွားပြီး လူနာရဲ့အသက်အန္တရာယ်ကင်းပြီဆိုမှစိတ်ချနိုင်တော့တာဖြစ်သည်. . .။

ဘယ်ဘက်လက်မှာပတ်ထားတဲ့နာရီကို
ငုံကြည့်မိတော့၅နာရီခွဲကိုညွှန်ပြနေတယ်။
Night Duty ကျထားတာမို့ဒီနေ့ကသူ့ရဲ့နားရက်ဘဲ။Duty ချိန်လည်းပြီးပြီမို့နားနေခန်းထဲပြန်ပြီးရေချိုး၊ခေါင်းလျှော်ကိုယ်လက်သန့်စင်ပြီးအိမ်ပြန်ဖို့ကျောပိုးအိတ်ထဲပစ္စည်းတွေထည့်နေစဉ် . . . . .

ကျွီ !!!!!

"အစ်ကို့ကို ဆေးရုံအုပ်ကခေါ်ခိုင်းလိုက်တယ်
မပြန်ခင်သူ့ရုံးခန်းထဲခဏလာခဲ့ပါအုံးတဲ့ "

တံခါးကိုတွန်းဖွင့်ပြီးဝင်လာတဲ့
ဟောက်ဆာဂျင်(House Surgeon) ဖြစ်တဲ့
မြတ်မင်းခရဲ့ ပြောစကားကိုအသိမှတ်ပြုကြောင်းပြုံးပြပြီးခေါင်းငြိမ့်ပြကာထွက်လာလိုက်တယ်။

နားနေ‌ခန်းကထွက်လာပြီး ဆေးရုံအုပ်ရုံးခန်းရှိတဲ့အပေါ်ဆုံးထပ်ကိုတက်ဖို့ ဓာတ်လှေကားရပ်စောင့်နေတုန်း ဘောင်းဘီအိတ်ကပ်ထဲကနေ‌မြည်လာတဲ့ဖုန်းကြောင့်ထုတ်ကြည့်လိုက်တော့ခေါ်ဆိုသူကသူငယ်ချင်းဖြစ်သူ မင်းခန့်ကျော်စွာ။

"လွှမ်းရတုမိုင်ရေ အီး . . . .ဟီး"

ငိုကြီးချက်မနဲ့ ဖုန်းထဲကနေထအော်ငိုနေတဲ့သူငယ်ချင်းဖြစ်သူကြောင့်ဖုန်းကိုနားနားကနေတောင်ဆွဲခွာမိလိုက်သည်။

"ဘာဖြစ်တာလည်းကွာ မင်းကလည်း"

"ငါ transferကျလာပြီကွ "

"အော် အဲ့တာကိုအလန့်တကြားနဲ့ဘယ်ဆေးရုံကျတာလည်း"

"ဟျောင့် ငါပုံမှန်နယ်ဆေးရုံတွေဆို
အဲ့လောက်ငိုမနေဘူး ခုက‌ဂျောင်ကျတဲ့နေရာကိုတာဝန်ကျတာကွဘယ်နေရာမှန်းတော့စာထွက်မလာသေးဘူး wardထဲကအမတစ်ယောက်အုပ်ကြီးရုံးခန်းသွားရင်းနဲ့သတင်းကြားလာတာတဲ့ငါမင်းတို့နဲ့လည်းမတွေ့ရတော့ဘူး"

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံWhere stories live. Discover now