[Unicode]
ဒီနေ့က တနင်္လာနေ့။
ပုံမှန်တိုင်းဆို လွှမ်းရတုမိုင်ရဲ့ တစ်နေ့တာက
ရိုးရှင်းတယ်။မနက်စောစောထကာ အင်းလျားကန်မှာ လမ်းလျှောက်ပြီး လေ့ကျင့်ခန်းလုပ်မယ် ... ပြီးရင် ရေမိုးချိုး အ၀တ်စားလဲပြီး ဆေးရုံကိုသွားရတယ်။ Night Duty ကျတဲ့နေ့မျိုးတွေဆိုရင်တော့ ဆေးရုံမှာဘဲအိပ်ပြီး မနက်ကျမှအိမ်ပြန်တယ်။ဒါပေမယ့် ဒီတစ်ခေါက်တနင်္လာနေ့ကတော့
အရင်နေ့တွေနဲ့မတူပေ။ဘာလို့ဆိုရင် အင်း ..... ရွာဆေးရုံကိုပြောင်းရမယ့် နေ့ဖြစ်နေတာကြောင့် ....ဆေးရုံကစီစဉ်ပေးတဲ့ကားက မနက်၆နာရီလောက် ထွက်မှာမို့လို့ စုရပ်ကိုကြိုသွားဖို့အတွက် မနက်၄နာရီလောက်ထဲက စောစောထပြီး ရေမိုးချိုးကာ ပြင်ဆင်ရသည်။နယ်ဘက်ဖြစ်တာမို့ Luggage မယူတော့ဘဲ
ကျောပိုးအိတ်တစ်လုံးနဲ့ လက်ဆွဲအိတ်ကြီးကြီးတစ်လုံးကိုယူသွားဖို့သာ ရွေးချယ်ထားလိုက်တယ်။ပစ္စည်းတွေကို နောက်တစ်ခေါက်သေချာပြန်စစ်ပြီးစုရပ်ဖြစ်တဲ့ ဆေးရုံဆီသို့ထွက်လာခဲ့လိုက်သည်။မနက်စောစောမို့ထင်တယ် ကာလမ်းကြောင်းကရှင်းလင်းနေသဖြင့် အရင်နာရီ၀က်လောက်မောင်းရတဲ့ အလုပ်ကို မိနစ်၂၀ထဲနဲ့ရောက်လာသည်။ဟိုရောက်တော့ မြတ်မင်းခ၊ အမယွန်းသီရိကျော်နဲ့ nurse အမတစ်ယောက်တို့အပြင် All black နဲ့ ကောင်လေးတစ်ယောက်ပါ ကြိုရောက်နေကြပြီ .... လွှမ်းရတုမိုင် ကားကိုပါကင်မှာသေချာထိုးထားခဲ့လိုက်ပြီး အားလုံးရှိရာကိုထွက်လာခဲ့လိုက်သည်။
"ရောက်နေတာကြာပြီလား မယွန်းတို့ .... မြတ်မင်းခရော "
"သိပ်မကြာသေးပါဘူး အမတို့လဲရတုနဲ့ရှေ့ဆင့်နောက်ဆင့်ဘဲ .... "
"ကျွန်တော်လဲရောက်တာ သိပ်မကြာသေးပါဘူး"
"အော် .... ဟုတ်ကဲ့ "
"အားလုံးကိုမိတ်ဆက်ပေးရအုံးမယ် .... ဒါကအမမောင်လေးလေ သျှင်းခသစ္စာတဲ့ ... UFL က Chinese ဒုတိယနှစ်ဖြေထားတယ် .... ဟဲ့အစ်ကိုတွေကိုနှုတ်ဆက်လိုက်အုံး "
မယွန်းကလှမ်းပြောမှ ထိုကောင်လေးက လက်ထဲက ဂိမ်းဆော့နေတာကိုရပ်ပြီး သူတို့ကိုမော့ကြည့်လာသည်။ပုံစံကတော့ ဂျစ်ကန်ကန်နဲ့ပေါ့ .....။

YOU ARE READING
မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံ
Fantasyချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ? ချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ?