Part - 7 🌸

169 8 35
                                    

[Unicode]

🎶 အိပ်မက်စေတမန် ညှင်းသွဲ့ဝန်းရံ လေ‌သွေးပြန်

ဥဩတွန်သံ ကြားရလေမှ နိုးထလာခဲ့ပြန်

ဪ သင်္ကြန် . . . .  အဖော်ကင်းပြန်

တီးကြ ဆိုကြ ကကြ ရပေဦးတော့အမှန်

နှစ်အကူး ရွှင်မြူးလေတဲ့သင်္ကြန် . . . . .🎶

လွှမ်းရတုမိုင်တစ်ယောက် မှန်ရှေ့မှာရှိုးစမိုးပြင်နေကာ ဘေးစားပွဲခုံမှာတင်ထားတဲ့ ရေဒီယိုကနေလာနေတဲ့ဦးဇော်ဝမ်းရဲ့ အိပ်မက်စေတမန်သီချင်းကို နားထောင်ရင်းလိုက်ညည်းနေသည်။

ဘာလိုလိုနဲ့ သင်္ကြန်အကြိုနေ့တောင်ရောက်လာပြီဖြစ်သည်။ဒီနေ့တော့
အဖေနဲ့မာမီက ရွာဦး‌ကျောင်းကဘုန်းဘုန်းဆီမှာ ဥပုသ်စောင့်သွားကြပြီမို့ သူ့အတွက်လွတ်လပ်ရေးရတဲ့နေ့လည်းဖြစ်သည်။ဒါကြောင့် မနက်စောစောထဲက သန့်ပြန့်နေအောင်ပြင်ဆင်ပြီး ဇွဲရှန်တို့နဲ့လျှောက်လည်ကာ ကဲဖို့စီစဉ်ထားသည်။

Hoodie ခဲရောင်အပေါ်မှာမှShirt အကွက်လက်ရှည်ပွပွကိုထပ်ဝတ်လိုက်ကာ
ကာကီရောင်ဘောင်းဘီရှည်နှင့်တွဲဖက်ဝတ်ဆင်ထားသည်။ဒီဝတ်စုံကိုဝတ်ချင်လွန်းလို့ဟိုနေ့ကမှတောင်ကြီးကပြန်လာတဲ့ကိုမျိုးကျော်ကိုမှာလိုက်ရတာဖြစ်သည်။

"ဟဲဟဲ ချောလိုက်တာ ငါက"

ကိုယ့်ကိုယ်ကိုမှန်ထဲမှာပြန်ကြည့်ပြီးကျေနပ်စွာပြုံးပျော်နေစဉ် . . . .

"ဟျောင့် . . . .ငလွှမ်းရေ မင်းပြီးရင်လည်းထွက်လာခဲ့တော့ကွာ"

အိမ်ရှေ့ကနေအာပြဲနဲ့လာအော်နေတဲ့
ဇွဲရှန်အသံကြောင့် ဘေးကနေကာမျက်မှန်အမည်းကိုကောက်တပ်ကာ လွှမ်းရတုမိုင်ဆင်းလာခဲ့လိုက်သည်။

"လာပြီငနာရေ . . . ဘာလို့အဲ့လောက်အော်နေတာလည်း"

"မြန်မြန်လာ မဏ္ဍပ်မှာတောင်လူတွေစုံနေပြီ
မင်းဘဲကျန်နေတာ"

"အေးပါကွာ ငါနည်းနည်းတော့ပြင်ရသေးတယ်လေ ဒါနဲ့ စိုင်းသွေးရော"

"အဲ့ကောင်ကတော့ပြောမနေနဲ့တော့ ဒီနေ့အကြိုနေ့မှာ သူ့အမေနဲ့ဥပုသ်စောင့်လိုက်သွားတယ်လေ။ လာ . . . လာ သူ့အကြောင်းပြောမနေနဲ့ထော်လာဂျီပေါ်သာမြန်မြန်တက်"

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံWhere stories live. Discover now