Part - 11 🌸

153 12 25
                                    

[Unicode]

"ကိုကိုရေ ကိုကို"

လွှမ်း အိမ်အောက်ထပ်ကနေအသံပြုလိုက်တော့ပြင်ထောင်အိမ်ပေါ်ကနေဆင်းလာသူမှာ
မျှော်လင့်နေသည့်သူမဟုတ်ပေ။

"အော် .... ဘယ်သူများလည်းလို့ မင်းကို "

ဒေါ်တင်တင်ရဲ့စကားသံတွေထဲ သူ့လာတာကို
မလိုလားတဲ့အရိပ်ယောင်တွေပါနေတာသိပေမယ့်မျက်ကွယ်ပြု၍သာမေးလိုက်သည်။

"ဟို ကျွန်တော်ကိုကိုနဲ့တွေ့ချင်လို့ပါဗျ
ကိုကို သက်သာရဲ့လားရဲ့လားဟင်"

"ငါ့သားမရှိဘူး ကလောမှာဆင်းပြီးဓာတ်မှန်သွားရိုက်တယ် ... "

"အော် ဟုတ်ကဲ့ ဒါဆိုကျွန်တော်ကိုကိုပြန်လာတဲ့အချိန်မှဘဲလာခဲ့ပါမယ် "

"ဒီမှာ မင်းမျက်နှာပြောင်တိုက်လှချည်လား . . .မင်းကြောင့်ငါ့သားလေးမှာခေါင်းရိုက်ခွဲခံရတယ် မင်းမိဘတွေကိုလည်း ငါသားနဲ့မင်းကိုမပတ်သတ်ဖို့ကိုပြောထားတာကိုမဆုံးမထားဘူးလား ဟမ် "

"ကျွန်တော်သိပါတယ် ဒါပေမယ့်ကိုကိုနဲ့တွေ့ချင် . . . ."

ဖြန်း ! ! !

စကားမဆုံးခင်မှာတင် လွှမ်းရတုမိုင်ရဲ့ပါးပေါ်ကိုကျရောက်လာခဲ့တဲ့လက်ဝါးရာတစ်ခု။ပါးထက်ကနာကျင်မှုနဲ့အတူ လွှမ်းရင်ထဲလှိုက်တက်လာခဲ့တဲ့၀မ်းနည်းမှုတွေ။

"ငါ တောင်းပန်ပါတယ် ... မင်းငါ့သားနဲ့ဆက်ပြီးမပတ်သတ်ပါနဲ့တော့ ... ငါမအေတစ်ယောက်နေနဲ့အနူးညွှန့်မေတ္တာရပ်ခံနေတာပါ"

ဒေါ်တင်တင်ကငိုချလာကာ မျက်ရည်တွေကြားကနေဘဲစကားဆက်လာခဲ့သည်။

"မင်းနဲ့ငါ့သားနဲ့ကဘယ်အဆင့်ထိပတ်သတ်နေလည်းဆိုတာငါအကုန်သိပြီးသားပါ .... ငါ့သားကိုလေငါ့အများကြီးမှန်းထားတာ အချိန်တန်ရင်သာမာန်မိသားစုဘ၀လေးနဲ့ပျော်ရွှင်နေတာကိုဘဲငါမြင်ချင်ခဲ့တာ "

"အဲ့လိုသားတွေ၊သမီးတွေနဲ့ သာမန်မိသားစုဘ၀မျိုးကိုကျွန်တော်မလုပ်မပေးနိုင်ပေမယ့်
ကျွန်တော်တို့နှစ်ယောက်ပေါင်းပြီး သာယာတဲ့အိမ်ထောင်ရေးကိုဖန်တီးနိုင်မှာပါ ဒါကြောင့်အဒေါ်ကကျွန်တော်တို့ကိုနားလည်ပေးပါလို့တောင်းဆိုပါ‌ရစေ "

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံUnde poveștirile trăiesc. Descoperă acum