Part - 12 🌸

166 11 44
                                    

[Unicode]

ဟိုတုန်းက‌ညနေခင်းများ ကြည်ပြာကန်ဘေးမှာ
သံစဉ်လှိုင်းခတ် .... တေးဖွဲ့လွင့်ပျံ့နေတတ်စဉ်
ကမ်းမဲ့ပန်းဗေဒါများ .... ရေပြင်ပေါ်မှာ
မှီရာတည်ရာ စွန့်ခဲ့မျောလို့နေတော့တယ် . . . . .

ဒီနေ့အတွက်roundလှည့်ပြီးလို့ dutyပြန်မဝင်ခင်  နားနေခန်းထဲမှာ ခဏလောက်ဝင်နားနေတုန်း တစ်ဖက်စားပွဲမှာရှိတဲ့ မြတ်မင်းခဖွင့်ထားတဲ့သီချင်းက လွှမ်းရတုမိုင်နားထဲသို့ ဝင်ရောက်လာသည်။

ကြွေသွားတဲ့နုပျိုခြင်းများ လှောင်ရယ်သံကြားမှာ
တည်ငြိမ်သေးခဲ့ .... ငြီးငွေ့စိတ်ပျက်နေရစဉ်
အပြစ်မဲ့အလွမ်းခြေရာများ .... နာကျင်နေသူ
ရင်မှာထင်ကျန် တယုတယထွေးပိုက်နေခဲ့တယ်

ရှေ့တည့်တည့်မှာရှိ‌နေတဲ့ အုတ်နံရံဖြူဖြူကိုဘဲအကြောင်းမဲ့ငေးစိုက်ကြည့်နေရင်း သီချင်းကိုလိုက်နားထောင်နေမိသည်။

ဝေးခဲ့ပြီ .... ပန်းခရမ်းပြာရေ တစ်ခါတစ်ရံမှာအိပ်မက်လို.... ပင်ညိုညိုရိပ်တွေ မြမြက်စိမ်းစိမ်းတွေ ဘယ်ဆီမှာလည်းသိတော့ပါ . . . . . .

တကယ်လည်းဝေးခဲ့ပြီဘဲ။ချယ်ရီတွေကြွေခဲ့ရင်‌တောင်တဖန်ပြန်လည်ပွင့်‌နိုင်ပေမယ့်....သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးကတော့....
စုတ်ပြဲသွားတဲ့စက္ကူစတွေလိုဘဲ ပြန်ပြီးတည်ဆောက်လို့ရနိုင်ဖို့ဆိုတာကခုချိန်မှာ မြူမှုန်တစ်မှုန့်လောက်တောင် သေချာမနေတော့ပါ။အဲ့လိုဖြစ်ခဲ့အောင်လုပ်ခဲ့တဲ့ အဓိကတရားခံကလည်း သူကိုယ်တိုင်ပင်။

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံWhere stories live. Discover now