[Unicode]
" ခုံတွေညီအောင်သေချာနေရာချကြအုံးနော်"
ဦးဝေမှိုင်းရဲ့ အသံကအဝေးကနေကြားရအောင်အထိဟိန်းထွက်လာလေသည်။
"ဖေဖေ အိမ်ပြန်နားရင်နားလေ သားဆက်ပြီးတော့စီစဉ်လိုက်ပါ့မယ် . . .ညဘက်ပွဲစခါနီးမှပြန်လာလေ"
"အေးအေး အဲ့တာဆိုအဖေပြန်နှင့်ပြီကွယ်
သားဘဲကြည့်စီစဉ်လိုက်တော့နော်"ဦးဝေမှိုင်းက သားဖြစ်သူကိုမှာစရာရှိတာများ
မှာကာ ပြန်သွားလေသည်။ဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည်။
ရွာကလူတော်တော်များများဟာ ဗုဒ္ဓဘာသာဝင်အများစုဖြစ်တာမို့ ဘုရားကျောင်းကန်များမှာ သန့်ရှင်းရေးလုပ်သူများကလုပ်၊ဘိုးဘွား မိဘတွေကို ခြေသည်း၊လက်သည်းညှပ်ကာ ကုသိုလ်ယူသူများကယူနှင့် အလုပ်ရှုပ်နေကြသည်မို့
မှိုင်းရိုးလွင်ကရွာထဲက ကာလသားအချို့နဲ့သာအတူတူပွဲစီစဉ်နေရတာဖြစ်သည်။ဖေဖေက အလှူတန်းရက်ရောသူမို့သင်္ကြန်တွင်းမဏ္ဍပ်ဆောက်လှူခဲ့ပြီး ယခုနှစ်ဆန်း
တစ်ရက်နေ့ညတွင်လည်းရွာသူကြီးနဲ့စုပေါင်းကာ ရွာကအဆိုအကဝါသနာပါရာလူငယ်တွေပျော်ပျော်ပါးပါးသီဆိုလို့ရအောင် စတိတ်စင်ဆောက်ကာပွဲစီစဉ်ပေးထားသည်။ဒါကြောင့် အနီးနားရွာကလူတွေလည်းလာကြမှာမို့ မှိုင်းတို့သေချာခုံတွေနေရာချစီစဉ်ပေးထားရသည်။
"ကိုကို"
"မိုင် လာပြီလား မင်းဘုန်းဘုန်းကျောင်းမှာ
သန့်ရှင်းရေးလုပ်နေတယ်ဆိုလို့
ကိုယ်လာမခေါ်တော့တာ""ဟုတ်တယ် ခုပြီးသွားလို့ကိုကို့ဆီလိုက်လာတာ"
"အွန်း ရေမိုးချိုးတော့လေ ခဏနေကြမှောင်တာနဲ့ပွဲစတော့မှာ တော်ကြာမမှီဘဲနေမယ်"
"ကိုကိုရော မပြီးသေးဘူးလား။ကျွန်တော်တို့တူတူပြန်မယ်လေ။"
"အကုန်စီစဉ်ပြီးသလောက်တော့ရှိပါပြီ။
ပြန်မယ်လေ လာ ... မိုင်"မှိုင်းရိုးလွင်ပြောတော့ လွှမ်းရတုမိုင်က
ခေါင်းညိမ့်ပြလာသည်။
YOU ARE READING
မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံ
Fantasyချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ? ချယ်ရီတွေလည်းကြွေခဲ့သလို ကျွန်တော်တို့တွေလည်းဝေးခဲ့ကြတယ် အစ်ကို . . . . .။ Start Date - 15.12.2022 End Date - ? ? ? ? ?