Part - 9 🌸

191 12 19
                                    

[Unicode]

"ချယ်ရီရေ မနက်ထဲကသားလွှမ်းကိုမတွေ့မိသေးဘူးနော် အိပ်ရာကမနိုးသေးဘူးလား "

"ခုက၁၀နာရီကျော်နေပီဆိုတော့ အိပ်နေတာတော့မဖြစ်နိုင်လောက်ဘူး ဒီကလေးရွာထဲထွက်သွားလောက်ပြီထင်ပါရဲ့"

"ဘယ်ကသာ ဟုတ်ရမှာလည်း ...
မင်းရဲ့သားကနွားစာစဉ်းနေတယ်လေ "

အိမ်နောက်ဖေးမီးဖိုချောင်မှာ ချက်ပြုတ်ရင်းပြောနေတဲ့ဒေါ်ချယ်ရီလွှမ်းတို့ ညီမနှစ်ယောက်ရဲ့စကားဝိုင်းကြား ဦးစိုင်းလူးသာကဖြတ်‌၍ဝင်ပြောလိုက်သည်။

"ဘုရားရေ .... ကျွန်မသားလေးကိုခိုင်းထားပြီး ရှင်ကဒါဘယ်ကအလေလိုက်ပြီးပြန်လာတာတုန်း"

"ငါကဟိုဘက်ရွာလူကြီးအိမ်ကပြန်လာ‌တာလေ။မင်း ...သားကိုခိုင်း‌ဖို့နေနေသာသာ ငါတောင်အံ့ဩနေတာ ဒီကောင်ထူးထူးခြားခြား မိဘကိုဝိုင်းကူလုပ်နေပါလားဆိုပြီး "

"အို မဖြစ်သေးပါဘူး။ကျွန်မကိုယ်တိုင်သွားကြည့်အုံးမှပါ ရှင်ပါလိုက်ခဲ့။မမရေ ဟင်းအိုးလေးတစ်ချက်ကြည့်ထားပေးပါအုံး"

ဦးစိုင်းလူးသာ‌ခဗျာအပြင်ကပြန်လာလို့နားမယ်ကြံခါရှိသေး ဇနီးဖြစ်သူဆွဲခေါ်တဲ့နောက်သို့သာလိုက်လာရသည်။‌

ဒေါ်ချယ်ရီလွှမ်းမှာခြံနောက်ဘက်တွင် နွားစာစဉ်းနေသည့်သားဖြစ်သူ့ကိုပါးစပ်အဟောင်းသားဖြင့်ရပ်ကြည့်နေမိသည်။အရင်ကနွားစာစဉ်းဖို့မပြောနဲ့  နွားစာလေးကျွေးခိုင်းတာတောင်မလုပ်ချင်လို့ပတ်ပြေးနေတဲ့ ကလေးကခုတော့။

"သား အဲ့တာဘာလုပ်နေတာလည်း"

"ဟီး နွားလေးတွေစားဖို့အစာစဉ်းနေတာလေ "

သူမအမေးကို စပ်ဖြီးဖြီးနဲ့ရယ်ပြီး‌ဖြေလာတဲ့သားငယ်။

" ညစ်ပတ်ကညစ်ပတ်နဲ့သားရယ် "

"မညစ်ပတ်ပါဘူးမာမီရဲ့ စက်နဲ့စဉ်းရတာဘဲဥစ္စာ"

"လွှတ်ထားလိုက်စမ်းပါကွာ တစ်ခါတစ်လေမိဘကိုကူဖူးတယ်ရှိတာပေါ့"

"ရှင် တိတ်စမ်းပါ။သား သွားတော့ဆက်မလုပ်နဲ့တော့ ပေကျံနေတာဘဲ ... ရေသွားချိုးတော့ ပြီးရင်ထမင်းစားဖို့ဆင်းခဲ့ "

မှိုင်းငွေ့လွှမ်းခြုံချယ်ရီရိပ်မြုံWhere stories live. Discover now